Taze News

Taze News

တန့်ဆည်မြို့နယ်၊ ကျွန်းလည်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ် ဘက်မှ ထိခိုက် သေဆုံးမှုရှိနိုင်

 

D Day News

မေလ ၂၅

 

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကျွန်းလည်ရွာရှိ လေသာကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ရွှေဘို ခရိုင်အမှတ် ၁၄ တပ်ရင်း ထံမှ သိရသည်။

 

ယမန်နေ့မေလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် တန့်ဆည်မြို့နယ်၊ ကျွန်းလည် ပျူကျေး ရွာ ရှိ လေသာကျောင်း အတွင်း တပ်စွဲထားသော ခမရ ၃၆၁ တပ်ရင်းမှ စစ်သားများနှင့် ပျူပူးပေါင်း အင်အား ၂၀၀ ဝန်းကျင်ဖြင့် တပ်စွဲထားသည့်နေရာကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

“ကျနော်တို့ ဗုံးသီးချပြီးတော့ ၄၅ မိနစ်လောက်အကြာမှာ အဲဒီကျွန်းလည်ရွာကနေပြီး စခ၊ ပခ အင် အား ၁၄၀ လောက် ထွက်လာပြီးတော့ ကျနော်တို့ ဗုံးသီးချတဲ့နေရာတွေကို ပတ်ရှာတယ်။ ပြီးတော့ ညနေခင်းကျ ပြန်ဝင်သွားတယ်။ အဲဒါပဲ ထူးခြားတယ်၊ ကျနော်တို့ကောက်ချက်ချနိုင်တာ တော့ ထိ ခိုက် မှုများလိမ့်မယ်လို့ ယူဆတယ်။ အဲဒီနားက ပျူရွာတွေဆက်နေတော့ သတင်းကတော့ တိတိ ကျကျ မရဘူး။ အဲဒီကျွန်းလည်က ဝါသဝရဲ့ရွာ။ ချခဲ့တာတော့ ၄ လုံးချခဲ့တာ” ဟု ရွှေဘိုခရိုင် တပ်ရင်း ၁၄ ရေဦး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း ၊ ဗျူဟာအမှတ် ၅၂ နှင့် ကန့်ဘလူခရိုင် တပ် ရင်း ၁ တို့က ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်ကိုင်း၊မကွေး၊ မန္တလေးနှင့်ရှမ်းမြောက်တို့တွင် စစ်ဆင်ရေး အရှိန်အဟုန်မြှင့်တင်နိုင်ရန် အထူးတိုင်း စစ်ဌာနဖွဲ့စည်း

စစ်ကိုင်း၊မကွေး၊ မန္တလေးနှင့်ရှမ်းမြောက်တို့တွင် စစ်ဆင်ရေး အရှိန်အဟုန်မြှင့်တင်နိုင်ရန် အထူးတိုင်း စစ်ဌာနဖွဲ့စည်း

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၇ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် စစ်ဆင်ရေးအရှိန် အဟုန် မြှင့်တင်နိုင်ရန် အထူးတိုင်းစစ်ဌာနဖွဲ့စည်းကြောင်း NUG ၊ ကာ ကွယ်ရေးဝန်ကြီးဌာန၊ အထူးတိုင်းစစ်ဌာနက ယနေ့ ဩဂုတ်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည်။ အမှတ် ၁ စစ်ဒေသအတွင်းပါဝင်သည့် စစ်ကိုင်းတိုင်း၊...