Taze News

Taze News

တန့်ဆည်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ သာကေတ ကျေးရွာရှိ ပြည်သူ့နေအိမ် ၄၉ လုံးကို စစ်သားများက မီးရှို့ဖျက်ဆီး

 

D Day News

ဧပြီလ ၂၇

 

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ သာကေတကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်း ဖက်စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ် မတော် – PLA ထံမှ သိရသည်။

 

ဧပြီလ ၂၂ ရက်နေ့ကစတင်၍ ဧပြီလ ၂၄ ရက်နေ့အထိ  တန့်ဆည်မြို့ အရှေ့မြောက်ဘက်ရှိ သာကေ တ ကျေးရွာသို့ အကြမ်းဖက်စစ် သား၊ ပျူစောထီး ပူးပေါင်းပြီး စစ်ကြောင်းထိုးလာသဖြင့်  ပြည်သူ့ လွတ် မြောက်ရေး တပ်မတော် – PLA ၊ TCRF(PLA)နှင့် KPKမဟာမိတ်အဖွဲ့တို့မှပူးပေါင်းပြီး လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားနှင့်ပျူစောထီး ၂ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အထိနာသော အကြမ်းဖက်စစ်တပ်က သာကေတ ကျေးရွာ အတွင်းရှိ ပြည်သူများ၏ နေအိမ် ၄၉ လုံး ကို မီးရှို့ဖျက်ဆီ:ခဲ့ကြောင်း သိရသည်။

 

ထို့နောက် သေဆုံး၊ ဒဏ်ရာရရှိသူ အကြမ်းဖက်စစ်သားများကို သယ်ဆောင်ပြီး နားဋောင်းကျကျေး ရွာဘက်သို့ ပြန်လည် သယ်ထုတ်သွားကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ် မတော် – PLA က ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကန်ပက်လက်မြို့နယ်ကို ဦးတည်လာသည့် တင့်ကား ၂ စီး၊ စစ်ကား ၁၃၆ စီးပါ စစ်ကြောင်းကို တိုက် ခိုက်ချေမှုန်းနိုင်ရန် လမ်းပိုင်းများ ယာယီပိတ်

ကန်ပက်လက်မြို့နယ်ကို ဦးတည်လာသည့် တင့်ကား ၂ စီး၊ စစ်ကား ၁၃၆ စီးပါ စစ်ကြောင်းကို တိုက် ခိုက်ချေမှုန်းနိုင်ရန် လမ်းပိုင်းများ ယာယီပိတ်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၂ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ကို ဦးတည်လာသည့် တင့်ကား ၂ စီး၊ စစ်ကား ၁၃၆ စီးပါ စစ် ကြောင်းကို တိုက်ခိုက်ချေမှုန်းရန် ဆွဲလွဲကျင်း -ကျင်ဒွေးလမ်းပိုင်းနှင့် ဆော -ကန်ပကလက်လမ်းပိုင်း များကို ယာယီပိတ်လိုက်ကြောင်း CDF Kanpetlet က ထုတ်ပြန်သည်။...