Taung Tha News

Taung Tha News

တောင်သာမြို့မှ လစာထုပ်ပြီးအိမ်စီးကားဖြင့် ထွက်လာသော ရဲများကို အနီးကပ် ပစ်ခတ် တိုက်ခိုက်မှု ရဲ ၃ ဦးသေဆုံး

 

D Day News

ဧပြီလ ၆

 

မန္တလေးတိုင်း၊ တောင်သာမြို့မှ လစာထုတ်ပြီး အိမ်စီးကားဖြင့် ထွက်လာသော ရဲများကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦးသေဆုံးခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – TTA PDF ထံမှ သိရသည်။

 

မတ်လ ၃၁ ရက် နံနက် ၁၁ နာရီခန့်က တောင်သာမြို့မှ လစာထုတ်ပြီး ရုံးစည်ကြီးအထိုင်ရဲစခန်းသို့ ပေါင်မုန့်ကားအဖြူရောင်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲ ၄ ဦးကို တောင်သာမြို့နှင့် ရုံးစည်ကြီးကျေးရွာကြားတနေရာ အနီးကပ်ချုံခိုတိုက်ခိုက်ခဲ့ရာ ကားပေါ်ပါ ရဲ ၃ ဦး သေဆုံးပြီး ၁ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် တောင်သာမြို့မှ အကြမ်းဖက်စစ်တပ်က ကား ၃ စီးဖြင့် အင်အား ၅၀ ခန့်‌ ရောက်ရှိလာပြီး လူမနေသည့် တောတဲတစ်လုံးကို ၄၀ မမဖြင့် ပစ်ခတ်ကာ မီးရှို့ခဲ့ကြောင်း သိရ သည်။

 

အဆိုပါ တိုက်ခိုက်မှုကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် တောင်သာမြို့ နယ် ပြည်သူ့လုံခြုံရေးအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို အကြမ်းဖက် ဖက်ဆစ်စစ်တပ်က သီတင်းကျွတ်လပြည့်နေ့ ပင်မရှောင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁ နှစ်အရွယ် ကလေးတစ်ဦးအပါအ ဝင် ပြည်သူ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ...