Taung Tha News

Taung Tha News

တောင်သာမြို့နယ်၊ ဝဲလောင်ရွာအနီး လျှပ်စစ်ဓာတ်အားခွဲရုံစောင့် စစ်တပ်စခန်းကို တိုက်ခိုက်သိမ်း ပိုက်မှု စစ်သား ၄ ဦးသေဆုံးပြီး လက်နက် ၃ လက်သိမ်းဆည်းရရှိ

 

D Day News

ဩဂုတ်လ ၁၁

 

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဝဲလောင်ရွာအနီး လျှပ်စစ်ဓာတ်အားခွဲရုံစောင့် အကြမ်းဖက် စစ် တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး လက်နက် ၃ လက်သိမ်းဆည်းရှိခဲ့‌ ကြောင်း Myingyan Blck Tiger – MBT တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၁၀ ရက် နံနက် ၅ နာရီ မိနစ် ၃၀ အချိန်က မြင်းခြံခရိုင်အထူးစစ်ဆင်ရေး – Myingyan District Special Operation (MDSO)- အဖြစ် တောင်သာမြို့နယ်၊ တောင်သာ- ကျောက် ပန်းတောင်းလမ်းပိုင်း၊ ဝဲလောင်ရွာ အနီး လျှပ်စစ်ဓာတ်အားခွဲရုံစောင့် အကြမ်းဖက်စစ်တပ်အထိုင် စခန်းငယ်တစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးပြီး ကျန်စစ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။

“အင်အားခန့်မှန်းကတော့ ၁၅ ယောက် ၂၀ ဝန်းကျင်လောက်ရှိနိုင်တယ်။ သိပ်အကြာကြီးမတိုက် လိုက်ရဘူး။ နာရီဝက်လောက်ပဲကြာမယ်။ စခတွေ ထွက်ပြေးသွားတာ။ အခုအနေအထားက တစ် နိုင်ငံလုံးအနေအထားနဲ့ တွက်မယ်ဆိုရင် စစ်ကောင်စီရဲ့ခါးရိုးလို့ ပြောလို့ရတယ်။ တော်လှန်ရေး ရဲ့ ခါးရိုးလို့လည်းပြောလို့ရတယ်။ အခုစစ်ဆင်ရေးက စစ်ကောင်စီရဲ့ခါးရိုးကို ရိုက်ချိုးလိုက်တဲ့ အနေ အထားတစ်ခုပေါ့။ လုံးလုံးကြီး မအောင်နိုင်သေးဘူးဆိုပေမယ့် အဓိကကျတဲ့ အလယ်ပိုင်းတိုင်းမှာ ၊ အလယ်ပိုင်းက မြို့တော်တွေမှာလည်း အကောင်းဆုံးတိုက်ခိုက်နိုင်နေပါပြီ။ ပြည်သူတွေအနေနဲ့ ဆက်လက်ပြီးတော့ အားတင်းထားပါ။ အခက်အခဲတွေဆိုတာ အခုထက်မကကြုံလာနိုင်တယ်။ အဲဒီ အတွက်လည်း ပြင်ဆင်ထားကြပါ။ ပြီးတော့ နိုင်တဲ့နေရာကနေ ဆက်ပြီး ပြည်သူ့တော်လှန်ရေး ဘက်တော်သားတွေဘက်နေ ပါဝင်ကူညီပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု  Myingyan Blck Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။

 

ထိုသို့ စခန်းသိမ်းပိုက်ရရှိသည့် စခန်းအတွင်းမှ အကြမ်းဖက်စစ်သားများ ကိုင်ဆောင်အသုံးပြုသော G2 အမျိုးအစား သေနတ် ၁ လက်၊ M1 ကာဘိုင်သေနတ် ၁ လက်၊ ပွိုင့် ၂၂ သေနတ် ၁ လက်နှင့် အ ခြား ခဲယမ်းအချို့အား သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့နောက် ယင်းအကြမ်းဖက်စစ်တပ်စခန်းကို မီးရှို့ ဖျက်ဆီးပေးလိုက်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger (MBT) မြင်းခြံခရိုင် တပ်ရင်း ၉ နှင့်အတူ တောင် သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ ၊ နေပြည်တော်တပ်ရင်း ၈၀၁ ၊ တောင်သာမြို့နယ် ပြည်သူ့လုံခြုံ‌ရေးအဖွဲ့ (ပလဖ) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ အောင်သပြေကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ ကြောင်း မွန်ပြည်တော်လှန်ရေးတပ် -MSRF ထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၀...