Taung Tha News

Taung Tha News

တောင်သာမြို့နယ်၊ တောင်ကန်တော်ကျေးရွာ ပျူခေါင်းဆောင် အောင်ဆန်းအပါအဝင် ပျူ ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံး

 

D Day News

မေလ ၃၁

 

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တောင်ကန်တော်ကျေးရွာ ပျူခေါင်းဆောင် အောင်ဆန်းအပါ အဝင် ပျူ ၃ ဦးပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း Scorpions People Defense Force အဖွဲ့ထံမှ သိရသည်။

 

မေလ ၂၉ ရက် ညနေ ၆ နာရီအချိန်ခန့်က တောင်သာမြို့နယ်၊ တောင်ကန်တော်‌ရွာရှိ ပျူ ခေါင်း ဆောင် အောင်ဆန်း နေအိမ်ကို တော်လှန်ရေး ရဲဘော်များက ဝင်ရောက်ဖမ်းဆီးခဲ့ရာ ပြန်လည်ခုခံ တိုက်ခိုက်ခဲ့သဖြင့် ပစ်ခတ်ရှင်းလိုက်ရခြင်းဖြစ်ပြီး ပျူခေါင်းဆောင် အောင်ဆန်းနှင့် ၎င်း၏ နောက် လိုက်ပျူ ၂ ဦးတို့ သေဆုံးသွားကြောင်း သိရသည်။

 

ယင်း တိုက်ခိုက်မှုအတွင်း ပျူများကိုင်ဆောင် အသုံးပြုသည့် ကာဘိုင် သေနတ် ၁ လက် ၊ ကျည် ဘောက် ၃ ခု၊ ကျည် ၆၇ တောင့် နှင့် ဖုန်း ၁ လုံး တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို တောင်သာမြို့နယ် ပကဖ နှင့်အတူ The Value Of Young Men (မြင်းခြံခရိုင် တပ်ရင်းအမှတ်-၈)၊ နေပြည်တော် PDF တပ်ရင်း ၈၀၁ တို့က ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေဖြူမြို့နယ်၊ ထားဝယ် – ရန်ကုန်လမ်းမပေါ် မလွဲတောင်နှင့် ခလယ်ရောင်းကြားတွင် တိုက်ပွဲပြင်း ထန်နေပြီး ခရီးသည်တင်ကားများ ပိတ်မိနေ၊ ပြည်သူ ၄ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

ရေဖြူမြို့နယ်၊ ထားဝယ် – ရန်ကုန်လမ်းမပေါ် မလွဲတောင်နှင့် ခလယ်ရောင်းကြားတွင် တိုက်ပွဲပြင်း ထန်နေပြီး ခရီးသည်တင်ကားများ ပိတ်မိနေ၊ ပြည်သူ ၄ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၈ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ထားဝယ် - ရန်ကုန်ကားလမ်းမပေါ် မလွဲတောင်နှင့် ခလယ်ရောင်ကြားတွင် တိုက်ပွဲပြင်းထန်နေပြီး ခရီးသည်တင်ကားများ ပိတ်နေကာ ပြည်သူ ၄ ဦးကို လည်း စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ထားကြောင်း ကြယ်လင်းရောင် (ဆာကပေါ) တပ်ရင်း ၊ KTLA...