Taung Nyo

Taung Nyo

သံဖြူဇရပ်မြို့အဝင်ဂိတ်နှင့် အနင်းရဲစခန်းကို ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

 

D Day News

မတ်လ ၃၀

 

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ သံဖြူဇရပ်မြို့အဝင်ရှိ စစ်တပ်ဂိတ်နှင့် အနင်းရဲစခန်းကို ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း တောင်ညိုစစ်ကြောင်းထံမှ သိရ သည်။

 

မတ်လ ၂၈ ရက်မွန်းတည့် ၁၂ နာရီခန့်က သံဖြူဇရပ်မြို့အဝင် သက္ကော့လမ်းဝရှိ အကြမ်းဖက်စစ်တပ် ဂိတ်ကို တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးပြီး ၃ ဦး အပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို တောင်ညိစစ်ကြောင်း KNLA+PDF ပူးပေါင်းတပ်ဖွဲ့ဖြစ်သည့် တောင်ညို တပ်ခွဲ ၁ ၊ တပ်ခွဲ ၃ နှင့် MNLA ခွဲထွက် ပူးပေါင်းအဖွဲ့တို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အလားတူ မတ်လ ၁၈ ရက် နံနက် ၁၁ နာရီခန့်က သံဖြူဇရပ်မြို့နယ် ၊ အနင်းကျေးရွာရှိ အနင်း ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကြဲချခြင်း၊ အနီးကပ်လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း တို့ဖြင့် အလစ် အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မိနစ် အနည်းငယ်ခန့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပြီး စစ် ကောင်စီ တပ်ဖွဲ့ဝင် ၁ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် တောင်ညို စစ် ကြောင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်မဲမြို့ကို စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် ကျောက်မဲ PDF တောင်းပန်

ကျောက်မဲမြို့ကို စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် ကျောက်မဲ PDF တောင်းပန်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၅ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို အကြမ်းဖက်စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် မိဘပြည်သူများကို တောင်းပန်ပါကြောင်း ကျောက်မဲ PDF တပ်ဖွဲ့က ယမန်နေ့ အောက်တိုဘာလ ၄ ရက်နေ့က ထုတ်ပြန်ထားသည်။ ကျောက်မဲမြို့သူမြို့သား မိဘပြည်သူများကို ကျောက်မဲမြို့အား အကြမ်းဖက် စစ်အုပ်စုလက်ထဲသို့ ပြန်ပေးလိုက်ရသည့်အတွက် ဦးစွာ တောင်းပန်အပ်ပါကြောင်း၊...