Taung Dwin Gyi News

Taung Dwin Gyi News

တောင်တွင်းကြီးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ သင်္ကန်ဝတ် ၁ ဦး နှင့် ရာအိမ်မှူး ၃ ဦးကို ပစ်ခတ်ရှင်းလင်းခံရပြီး ၃ ဦးသေဆုံး

 

D Day News

ဧပြီလ ၂၃

 

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ သင်္ကန်း ဝတ် ၁ ဦးနှင့် ရာအိမ်မှူး ၃ ဦးကို ပစ်ခတ်ရှင်းလင်းခံရပြီး ၃ ဦးသေဆုံးခဲ့ကြောင်း Magway Guerilla Warfare -မကွေးပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၁၈ ရက်နေ့က တောင်တွင်းကြီးမြို့နယ်၊ ဝါးသုံးဖြူအုပ်စု၊ ထောက်ကြံ့ကွင်းကျောင်းနေ ဘဒ္ဒန္တကုဏ္ဍလဇောတိ (မြို့နယ်သံဃနာယက) ကို ထောက်ကြံ့ကွင်း သုသန်ဇရပ်အတွင်း၌ ပစ် ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

 

သေဆုံးသူ ထောက်ကြံ့ကွင်းဆရာတော်သည် ပြည်သူလူထုအပေါ် ငွေတိုးပေးခြင်း၊ အမျိုးသမီးငယ် များနှင့်အတူ အိပ်ပြီး ကိုယ်ဝန်ရရှိသည့်အခါ လျှော်ကြေးငွေပေးပြီး ဖျက်ချခိုင်းခြင်း၊အကြမ်းဖက်စစ် တပ်က စေခိုင်းသည့် မဲစာရင်းကောက်ခံရာတွင် အဓိက ဦးဆောင်ပါဝင်လုပ်ကိုင်နေခြင်းတို့ကြောင့် ပစ်ခတ်ရှင်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

 

အလားတူ ဧပြီလ ၁၈ ရက်နေ့က မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားအုပ်စု၊ ဆတ်သွား ကျေးရွာနေ ရာအိမ်မှူး ၃ ဦးကို ဆတ်သွားရဲစခန်းအနီး၌ ပစ်ခတ်ရှင်းလင်းရာ ၂ ဦးမှာပွဲချင်းပြီး သေ ဆုံးသွားကြောင်း သိရ သည်။

 

အဆိုပါ ရာအိမ်မှူး ၃ ဦးသည် အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့်ပူးပေါင်းကာ အကြမ်း ဖက်စစ်တပ်က ခိုင်းစေသမျှ လိုက်ပါလုပ်ဆောာင်နေခြင်း၊ မဲစာရင်းများ‌ အတင်းအဓမ္မကောက်ခံ ခြင်း၊ အကြမ်းဖက်စစ်တပ်ထံ သတင်းများပေးပို့နေခြင်းတို့ကြောင့် ပစ်ခတ်ရှင်းလင်းရခြင်းဖြစ်ပြီး ၂ ဦးပွဲ ချင်းပြီးသေဆုံးကာ တစ်ဦးမှာ အပြင်းအထန်ဒဏ်ရာဖြင့် ဆေးဝါးကုသနေဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါ လုပ်ဆောင်မှုများကို Magway Guerilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့) ၊ TDG Special Guerilla Force (တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့) နှင့် ဒေါင်းစစ်သည် ပြောက် ကျားတပ်ဖွဲ့(နတ်မောက်)တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၉ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကျေးရွာများကို အကြမ်းဖက် စစ်တပ် က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၄ ထံမှ သိရသည်။...