Tannintharyi News

Tannintharyi News

တနင်္သာရီမြို့နယ်၊ အောင်သာဝရ စစ်တပ်စခန်းသိမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်သား ၁၇ ဦးထက် မနည်းသေဆုံး၊ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

 

D Day News

ဇွန်လ ၁၅

 

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ အောင်သာဝရစခန်းသိမ်းတိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၇ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၂ ထံမှ သိရသည်။

 

လွန်ခဲ့သော ၁ လခန့်ကတည်းက အဆိုပါ အကြမ်းဖက်စစ်တပ်စခန်းကို ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ် ပြီး ယမန်နေ့ ဇွန်လ ၁၄ ရက် နေ့လည်ပိုင်းက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်း ဖက်စစ်သား အလောင်း ၁၇ လောင်းတွေ့ရှိပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

“သူတို့သေတာကိုတော့ အလောင်းတွေကျန်ခဲ့တာပဲသိရတာပေါ့နော်။ ကျန်တဲ့ စစ်သားတွေ အားလုံး ထွက်ပြေးသွားတယ်။ ခန့်မှန်းခြေ ၃၀ ဝန်းကျင်လောက်ရှိမှာပေါ့” အတွင်းရေးမှူး ပဒိုစောအယ်နား ကပြောဆိုထားသည်။

 

ယင်းအကြမ်းဖက်စစ်တပ်စခန်းအတွင်းမှာ ၁၂၀ မမ လက်နက်ကြီး ၂ လက်၊ ၈၁ မမ လက်နက်ကြီး ၁ လက်၊ ၆၀ မမလက်နက်ကြီး ၁ လက်၊ စက်လက် ၂ လက်၊ RPG ၂ လက်၊ စနိုက်ပါ သေနတ် ၂ လက်၊ ၁၂၀ မမကျည် ၁၈၀ ကျော်၊ ၆၀ မမကျည် ၁၀၀ ကျော်အပြင် လက်နက်ငယ်၊ မိုင်း အများအပြား သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်သိမ်းပိုက်မှုကို KNU တပ်မဟာ ၄ ၏ Black Tiger စစ်ကြောင်း သိမ်းပိုက်ခဲ့ခြင်းဖြစ် ပြီး ယင်းစစ်ကြောင်းမှ၎င်းာ KNDO တပ်ရင်း ၇၊ KNLA တပ်ရင်း ၁၀ နှင့် ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့တို့ပူးပေါင်းကာ ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

 

လက်ရှိတွင် ထွက်ပြေးသွားသည့် အကြမ်းဖက်စစ်သားများကို လိုက်လံရှင်းလင်းလျက်ရှိပြီး ယင်း အ ကြမ်းဖက်စစ်သားများမှာ ပုလောမြို့အခြေစိုက် ခလရ ၂၈၅ နှင့်မြိတ်မြို့အခြေစိုက် အမတ ၃၀၁ မှ တပ်ခွဲမှ တပ်သားများ စခန်းချနေခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

အပစ်အခတ်ရပ်စဲထားသည်ကို အခွင့်ကောင်းယူကာ နောင်ချိုမြို့နယ်တွင် ကျေးရွာ ၃ ရွာကို စစ် ကြောင်း သိမ်းပိုက်လာမှုမကြောင့်တိုက်ပွဲဖြစ်၊ စစ်တပ်က ဓာတုအဆိပ်ငွေ့ဗုံး ၃၇ လုံးအပါအဝင် အများအပြား ဗုံးကြဲချ   သံလွင်မြန်မာသတင်း ဇွန်လ ၁၆   ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ တပ်မဟာ ၃ နယ်မြေ၊...