Tannintharyi News

Tannintharyi News

တနင်္သာရီအခြေစိုက် ခမရ ၅၆၁ တပ်ရင်းနှင့် ဗောဓိကမ်းတံတားစစ်ဆေးရေးဂိတ်ကို ၂ ရက်ဆက် တိုက် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက် (ရုပ်သံ)

 

D Day News

ဧပြီလ ၁၄

 

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၆၁ တပ် ရင်းနှင့် ဗောဓိကမ်းတံတားရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်တို့ကို ၂ ရက်ဆက်တိုက် ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် ပူးပေါင်းစစ်ကြောင်း ၁ ထံမှ သိရသည်။

 

ဧပြီလ ၁၂ ရက် နံနက်ပိုင်းက တနင်္သာရီမြို့နယ် ၊ ဗောဓိကမ်းတံတားထိပ်ရှိ စစ်ကောင်စီစစ်ဆေးရေး ဂိတ်ကို ဒရုန်းဖြင့် ဗုံးသီး ၂ ကြိမ်ကျဲ ချတိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် ညနေပိုင်းနှင့် ညပိုင်းတွင် အ ကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၆၁ တပ်ရင်းကို ဒရုန်းဖြင့် ၄ ကြိမ် ဗုံးသီးကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

https://youtu.be/zaICm73_V-s

ထို့အပြင် ဧပြီလ ၁၃ ရက် နံနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၆၁ တပ်ရင်းကို ဒရုန်း ဖြင့် ၂ ကြိမ်၊ ဗောဓိကမ်းတံတားရှိ စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့်တစ်ကြိမ် ဗုံးသီကျဲချတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း – ၁ ရဲ့ ADF ဒရုန်း အဖွဲ့မှ ကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံမှုကို သိရှိနိုင် ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Kachin State News

Kachin State News

မြစ်ကြီးနားမြို့တွင် မြစ်ရေကြီးနေပြီး ပြည်သူများကို ရေဘေးလွတ်ရာ ပြောင်းရွှေ့ထားရ (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန်လ ၁   ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်အချို့တွင် မြစ်ရေကြီးနေပြီး ပြည်သူများ ကို ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးနေရကြောင်း မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။   ယမန်နေ့ မေလ ၃၁...