သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၁
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မောရဝတီရေတပ်မှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ဦးအပါအဝင် စစ်သား ၂ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း ဒေါနတပ်ခွဲ ၆ – ရေဖြူတောင်ပိုင်း ဝေဟင်တပ်ဖွဲ့ထံမှ သိရသည်။
ဩဂုတ်လ ၂၅ ရက်နေ့က ရေဖြူမြို့နယ်၊ မောရဝတီရေတပ် စစ်ဌာနချုပ်ဘက်မှ ထွက်လာပြီး ဂန့်ဂေါ် တောင် ရထားဘူတာ ဦးပိုင်ဆီအုန်းခြံ အနီး၌ ကာကင်း လာယူနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ ရာ နှစ်ဖက် အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ဖြစ်ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့ ကြောင်း သိရသည်။
ဩဂုတ်လ ၂၆ ရက်နေ့ကလည်း ဦးပိုင်ဆီအုန်းရုံးတပ်စွဲထားသော စစ်သားများ တန်းစီ အပြီး စစ်သား များ စုဝေးနေစဉ် တော်လှန်ရေးတပ်ဖွဲ့များက Drone ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ် သားများ ထိခိုက်သေဆုံးမှုများပြားပြီး သေဆုံးထိခိုက်ဒဏ်ရာရရှိသူများကို ရေးပေါ်ကား ၂ စီးဖြင့် မောရဝတီရေတပ်ဘက်သို့ သယ်ယူ ပို့ဆောင်သွားကြောင်း သိရှိရသည်။
ဩဂုတ်လ ၂၇ ရက် နေ့တွင်လည်း ဦးပိုင်ဆီအုန်းခြံ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများသည် ဆယ်အိမ်စုကျေးရွာဘက်သို့ အင်အား ၁၈၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာစဉ် တော်လှန်ရေး ပူး ပေါင်းတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ညနေ ၃ နာရီ ၃၀ မိနစ်မှ ညနေ ၄ နာရီအထိ မိနစ် ၃၀ ခန့်အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်တစ်ဦး၊ တပ်သား ၁ ဦး သေဆုံး၍ ၃ ဦး ဒဏ်ရာရရှိကာ နှစ်ဖက်အပစ်အခတ်ရပ်စဲခြင်းကြောင့် တိုက်ပွဲပြီးဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
“မောရဝတီရေတပ်ကနေ စစ်ကြောင်းထိုးလာတာ၊ ဦးပိုင်ဆီအုန်းခြံမှာ အင်အားစုတွ်။ အဲဒီကနေမှ စစ်ကြောင်း ပြန်ထိုးတာ၊ ၂၆ ရက်နေ့က နာရေးကားနဲ့သယ်သွားတဲ့သတင်းရော၊ ရှေ့ရက်တွေက ဖြစ် ခဲ့တဲ့ တိုက်ပွဲမှာ စခသေထိခိုက်သေဆုံးမှုရော စုံစမ်းနေတုန်းပါ။ နောက်ဆက်တွဲလည်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။ မိဘပြည်သူတွေအနေနဲ့လည်း ဘေးကင်းလုံခြုံတဲ့တနေရာရာမှာ နေပေးကြပါ၊ လိုက်နာပေးကြပါ” ဟု ဒေါနတပ်ခွဲ ၆ – ရေဖြူတောင်ပိုင်း ဝေဟင်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ဒေါနတပ်ခွဲ – ၆ (ရေဖြူတောင်ပိုင်း ဝေဟင်တပ်ဖွဲ့) ၊ ဒေါနတပ်ခွဲ – ၇ (L.P.F) ၊ ဗထူးတပ်မတော် (B H.A) ၊ ရေဖြူမြို့နယ် ပ.က.ဖ ၊ နဂါးနီပျောက်ကျားတပ်ဖွဲ့ ၊ ထားဝယ်ခရိုင်ပြည် သူ့ ကာကွယ်ရေးတပ်ဦး (D.DPDF) နှင့် ဇင်ယောတပ်ဖွဲ့ တို့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
Thanlwin Myanmar Media