ရေဖြူမြို့နယ်၊ ဆယ်အိမ်စုကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၃၄ ဦးသေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် တစ်ဦးကျဆုံး

ရေဖြူမြို့နယ်၊ ဆယ်အိမ်စုကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၃၄ ဦးသေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် တစ်ဦးကျဆုံး

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၃၀

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဆယ်အိမ်စုကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၃၄ ဦး သေဆုံး ခဲ့ကြောင်း ရာမညမွန်တပ်တော် -RMA က ထုတ်ပြန်သည်။

ဩဂုတ်လ ၂၈ ရက် နံနက် ၁၀ နာရီ ၂၃ မိနစ်တွင် ရေဖြူမြို့နယ်၊ ဆယ်အိမ်စုကျေးရွာအနီးသို့ စစ် ကြောင်း ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၂ နာရီ ၄၀ မိနစ်အထိ ၃ နာရီအကြာ တိုက်ပွဲ ပြင်း ထန်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ် စစ်ကြောင်း ထိုးစစ်ဆင်လာသည့်အချိန်မှစ၍ ဩဂုတ်လ ၂၈ ရက်နေ့အထိ တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်သား ၃၄ ဦး ထက်မနည်းသေဆုံးကာ ၁၀ ဦးထက်မနည်း ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို ရာမညမွန်တပ်တော် (RMA) ၏ ရေဖြူဒေသတပ်ရင်းမှ ရဲဘော်များနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်လျက်ရှိပြီး ရာမညမွန်တပ်‌တော် (RMA) မှ ရဲ ဘော် ၁ ဦး မြင့်မြတ်စွာကျဆုံးခဲ့ပြီး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ ရဲဘော် ၃ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

ရေဖြူမြို့နယ်အတွင်း၌ ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်တပ် နှင့် တော်လှန်ရေးတပ်ဖွဲ့များ အကြား တိုက်ပွဲများ ပြင်းထန်စွာဆက်လက်ဖြစ်ပွားနိုင်သောကြောင့် မိဘပြည်သူများ အနေဖြင့် စစ်ရေး အသိ၊ သတိဖြင့် သွားလာနေထိုင်ပေးကြပါရန် အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြင်းခြံမြို့ပေါ်မှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား အများအပြား ထိခိုက်သေဆုံးမှုရှိ

မြင်းခြံမြို့ပေါ်မှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား အများအပြား ထိခိုက်သေဆုံးမှုရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၄ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံမြို့ပေါ်မှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြား ထိခိုက်သေဆုံးမှုရှိကြောင်း မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်းက ထုတ်ပြန်သည်။ အောက်တိုဘာလ ၅ ရက်နေ့ မြင်းခြံမြို့ပေါ်မှ အင်အား ၃၀၀ ခန့်ဖြင့် ညောင်ပင်ရွာဘက်သို့ ထွက်...