Tanintharyi News

Tanintharyi News

ထားဝယ်မြို့ပြင်ရှိ ကမြောကင်းတံတားစစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၇ ဦး ထက်မနည်း သေဆုံး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၈

 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ ထားဝယ်မြို့အဝင် ကမြောကင်းတံတားရှိ အကြမ်း ဖက်စစ်တပ် စစ်ဆေးရေဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးထက်မနည်းသေဆုံးခဲ့ ကြောင်း ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ဇန်နဝါရီလ ၂၇ ရက် ည ၇ နာရီက ထားဝယ်မြို့အဝင်ရှိ အကြမ်းဖက်စစ်ကောင်စီတပ် ကမြောကင်း တံတားစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ် သား ၇ ဦးထက်မနည်းသေဆုံးခဲ့ပြီး အများ အပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်တပ် စစ်ရေးဂိတ်သည် ခရီးသွားမိဘပြည်သူများအား ဖိနှိပ်၍ မတရား ဆက် ကြေးကောက်ခံ၊ အကြောင်းမဲ့ဖမ်းဆီးစစ်ဆေးနေသော ဂိတ်တစ်ခုဖြစ်သဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဒူရကစစ်ကြောင်းဦးဆောင်မှုဖြင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ် တော် (DNLA)၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နှင့် ဖက်ဒရယ်ဓူဝံကြယ်ဒရုန်း တပ်ခွဲ (FPF) တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေး အရှိန်အဟုန်တိုးမြင့်စွာ ဆောင်ရွက်နေသည့်အချိန် ဖြစ်သော ကြောင့် မိဘပြည်သူများအနေဖြင့် စစ်ရေးအထူးသတိပြု သွားလာနေထိုင်ကြရန် တိုက်တွန်း ထားသည်။

 

တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည် လိုသော စစ်ကောင်စီမှ စစ်သည်တော်များ၊ ရဲတပ်ဖွဲ့ဝင်းများ အနေဖြင့် ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံး ခိုလှုံဝင်ရောက်ပူးပေါင်းပေးကြပါရန် ဆက်လက်၍ တိုက်တွန်းဖိတ်ခေါ်ထားသည်။

Thanlwin Myanmr Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ယင်းမာပင်မြို့နယ်၊ ပုသိမ်- မုံရွာလမ်းပိုင်းတွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၂၀   စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာမြို့နယ်အရှေ့ခြမ်း ပုသိမ် -မုံရွာလမ်းပိုင်းတွင် စစ်တပ် စစ် ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄...