Tanintharyi News

Tanintharyi News

ထားဝယ်မြို့နယ်၊ ပကာရီ ရဲစခန်းအနီး ဆက်ကြေးကောက်နေသော စစ်သား ၁ ဦး စနိုက်ပါဖြင့် ပစ် ခတ်ခံရပြီး သေဆုံး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၄

 

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ပကာရီရဲစခန်းရှေ့တွင် ဆက်ကြေးကောက်နေသာ စစ်သား ၁ ဦး ကို စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ နေရာမှာပင်ပွဲချင်းပြီး သေဆုံးသွားကြောင်း ရေဖြူမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ – YPPDF ထံမှ သိရသည်။

 

ယနေ့ ဇန်ဝါရီလ ၂၄ ရက် မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်က ထားဝယ်မြို့နယ်၊ ပကာရီ ရဲစခန်းအနီး လမ်းမပေါ်တွင် ခရီးသွားပြည်သူများထံက ဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်သားများ ၁ ဦးကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ချေမှုန်းခဲ့ရာ တည့်တည့်ထိမှန်လဲကျသေဆုံးသွားကြောင်း သိရ သည်။

အဆိုပါ တိုက်ခိုက်မှုကို ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဒူရကစစ်ကြောင်းရဲဘော်များက သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအားလုံး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေးများအား အရှိန်အဟုန်တိုးမြင့်စွာ ဆောင်ရွက်နေသည့်အချိန် ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ရေးအထူး သတိ ၊ သတိပြု သွားလာနေထိုင်ကြရန် တိုက်တွန်းထားသည်။

 

တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လို သော အကြမ်းဖက် စစ်ကောင်စီတပ်မှ စစ်သည်တော်များ၊ ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့ရင်ခွင် ခိုလှုံ၍ အမြန်ဆုံး ပူးပေါင်းပေးကြပါရန် ဆက်လက်၍ တိုက်တွန်းဖိတ်ခေါ်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Karen State News

Karen State News

တောင်ငူ -လိပ်သိုလမ်းပိုင်းတွင် စစ်ယာဉ်တန်းနှင့် စစ်တပ်စခန်းကို တိုက်ခိုက်မှု စစ်သား ၅ ဦး ထက်မနည်းသေဆုံးပြီး ယာဉ်တစ်စီးတိမ်းမှောက်ပျက်စီး   သံလွင်မြန်မာသတင်း ဇွန်လ ၂၁   ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ တောင်ငူ -လိပ်သိုလ်လမ်းပိုင်းတွင် စစ်ယာဉ်တန်းနှင့် စစ်တပ် စခန်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅...