Tanintharyi News

Tanintharyi News

ထားဝယ်မြို့နယ်၊ မဲချောင်း(၈ မိုင်) စခန်းကုန်းနှင့် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၅ ဦးထက်မနည်းသေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၇

 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ မဲချောင်း (၈ မိုင်) စခန်းကုန်းနှင့်စစ်ဆေးရေးဂိတ် ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး ထက်မနည်းသေဆုံးခဲ့တယ်လို့ ရေဖြူမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

 

ဇန်နဝါရီလ ၂ ရက် မွန်းလွဲ ၂ နာရီက ထားဝယ်မြို့နယ်၊ မဲချောင်း(ရှစ်မိုင်) စခန်းကုန်းနှင့် စစ် ဆေး ရေး ဂိတ်ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှု (၁) နာရီ ဝန်းကျင်ခန့်ကြာမြင့်ခဲ့ ကြောင်း ၊ယင်းတိုက်ခိုက်မှုအတွင်း စစ်ဆေးရေးဂိတ်ကို သိမ်းပိုက်နိုင်ခဲ့ကာ စစ်ကောင်စီတပ်သား ၅ ဦး ထက်မ နည်း သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရသည်။

 

ထိုအပြင် အကြမ်းဖက်စစ်များ ထံမှ  MA ကျည်ပေါက် ၄ ခု၊ လက်ကိုင်ဖုန်း ၂ လုံး၊ စကားပြောစက် ၃ လုံး၊ ကျည်ဆံ ၂၆၅ တောင့် နှင့် အီကွေးမန့် ၁ စုံ တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒူရက စစ်ကြောင်း ဦးဆောင်မှုဖြင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေး တပ် တော် (DNLA) ၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) ၊ ဖယ်ဒရယ်ဒူဝံကြယ်ဒရုန်း တပ်ဖွဲ့နှင့် (D.E.F-PDF) မှ ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ ဝင် ၃ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရကြောင်း သိရသည်။

 

မိဘပြည်သူများအနေနှင့်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေးများအား အရှိန်အဟုန်တိုး မြင့်စွာ ဆောင်ရွက်နေသည့်အချိန် ဖြစ်သောကြောင့် စစ်ရေးအထူး သတိပြု သွားလာနေထိုင်ကြပါရန် တိုက်တွန်းထားသည်။

 

တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လို သော စစ်ကောင်စီမှ စစ်သည်တော်များ၊ ရဲတပ်ဖွဲ့ဝင်းများကို ပြည်သူ့ရင်ခွင် ခိုလှုံ၍ အမြန်ဆုံး ပူး ပေါင်းပေးကြပါရန် ဆက်လက်တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခကို ရှော့တိုက်ဒုံံးဖြင့် တိုက်ခိုက်မှု အရာရှိ ၂ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ဆီဂိုဒေါင်နှင့် အရံစက်ပစ္စည်းဂိုဒေါင်တို့ မီးလောင်ပျက်စီး (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန်လ ၁၆ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နမခကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့ရာ...