Tanintharyi News

Tanintharyi News

ပုလောမြို့ပေါ်ရှိ စစ်ဖက်ရေးရာလုံခြုံရေးရုံးကို ဝင်ရောက်စီးနင်း၊ စတင်ပစ်ခတ်သည့်နှင့်တပြိုင်နက် စစ်ာသးများကြောက်လန့်ထွက်ပြေး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၇

 

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ အမှတ် ၂ ရပ်ကွက်ရှိ စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ – စရဖ ရုံးကို ဝင် ရောက်စီးနင်းခဲ့ရာ သေနတ်ပစ်ဖောက်ဝင်ရောက်သည်နှင့်တပြိုင်နက် စစ်သားများ ကြောက်လန့် ထွက်ပြေးသွားကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းထံမှ သိရသည်

 

ယမန်နေ့ ဇန်နဝါရီလ ၆ ရက် ည ၁၁ နာရီ ၁၀ နာရီမိနစ်က ပုလောမြို့၊ အမှတ် ၂ ရပ်ကွက်ရှိ တရားမ ဝင်အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ – စရဖ ရုံးကို ဝင် ရောက် စီးနင်းခဲ့ရာ စတင်ပစ်ခတ်သည့် အကြမ်းဖက်စစ်သားများမှာ သေနတ် ၆ ချက်ခန့်ရမ်းသမ်း ပစ်ခတ်ပြီး ကြောက်လန့်တကြား ထွက်ပြေးသွားကြောင်း သိရသည်။

“အင်အားက မြို့တော်ခန်းပါ ပေါင်းမှ ၇ ဦးလောက်ပဲရှိတာပါ။ လက်နက်တွေတော့ မရခဲ့ဘူး။ မီးရှို့ခဲ့ တာက ရုံးတခြမ်းမီးလောင်သွားတယ်။ စစ်ကူလာတာမျိုး၊ လာရောက်တိုက်ခိုက်တာမျိုးမရှိပါဘူး” ဟု မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အကြမ်းဖက်စစ်သားများ ထွက်ပြေးသွားပြီးနောက် ရုံးကို ဝင်ရောက်ရှာဖွေ စစ်ဆေးရာ ကျည်ဘောက် ၂ ခု ၊ ကျည်ဆံ အတောင့် ၁၀၀ နှင့် စာရွက်စာတမ်းများ သိမ်းဆည်းရရှိခဲ့ပြီး စရဖရုံးကို မီးရှို့ဖျက်ဆီးခဲ့ ရာ ရုံးတခြမ်းလုံးပြာကျသွားကြောင်း သိရသည်။

 

အဆိုပါ စီးနင်းမှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Karen State News

Karen State News

ကော့ကရိတ် -အင်းကြီးလမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်သား ၂၀ ကျော်သေဆုံးဟုဆို   သံလွင်မြန်မာသတင်း ဇွန်လ ၁၈   ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ ကော့ကရိတ် - အင်းကြီးလမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ် သား ၂၀ ကျော် သေဆုံးထားကြောင်း KNU သတင်းရင်းမြစ်ထံက သိရသည်။...