Tanintharyi News

Tanintharyi News

ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာသို့ ဝင်ရောက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၅ ဦး ထက်မနည်းသေဆုံး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၃

 

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ – TPDF ထံမှ သိရသည်။

 

ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ရေဖြူမြို့နယ် ၊ ဇာဒီကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသောစစ် ကြောင်း ၂ ကြောင်းကို T.PDF ပြည်သူကာ ကွယ်ရေးတပ်ဖွဲ့ နှင့် မဟာမိတ်တပ်ပေါင်းစုများက အဝေး ထိန်း မိုင်းတိုက်မိုင်း၊ ၄၀ မမလက်နက်ကြီး၊ ဒရုန်းများ အသုံးပြု၍ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် တပ်မှ အရာရှိအပါအဝင် အများအပြား ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

တဆက်တည်းတွင် ဇာဒီကျေးရွာ ဘုန်းကြီးကျောင်းအတွင်း ယာယီတပ်စွဲကာ ပြည်သူ့အိုးအိမ်များကို ဖျက်ဆီးခိုးယူနေသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးသီး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၅ ဦးသေဆုံးပြီး ၆ ဦးထက် မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အလားတူ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် စစ်တပ်စစ်ကြောင်းမှ ရှေ့ပြေးကင်းပုန်းလာယူသော အကြမ်း ဖက် တပ်သားများ အသင့်ထောင်ထားသော တိုက်မိုင်းများ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ် ရာရရှိ သူများ ရှိကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်း ၁ စီး ဆုံး ရှုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို ဗထူးတပ်မတော်- BHA ၊ ရေဖြူမြို့ နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ရေ ဖြူ-ပကဖ၊ ဇင်ယော် တပ်စု-၁) ၊ A Zero ပြည်သူ့ကာကွယ် အဖွဲ့ နှင့် ထားဝယ် ပြည်သူ့လွတ်မြှောက် ရေး အဖွဲ့ (TPLF) တို့ ပူပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။သည် ။

 

ထားဝယ် ပြည်သူ့လွတ်မြှောက် ရေး အဖွဲ့ (TPLF) အနေဖြင့် ဆက်လက်တိုက်ပွဲဝင်နိုင်ရန် လက်နက် ခဲရမ်းများစွာလိုအပ်နေသည့် အတွက် မိဘပြည်သူများမှ ဝိုင်းဝန်းလှူဒါန်းပေးပါရန် မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

မိတ္ထီလာမြို့နယ်တွင် အင်အားရာချီရှိသည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန်လ ၂၅   မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်တွင် အင်အားရာချီအသုံးပြုကာ စစ်ကြောင်းထိုးလာသော စစ်ကောင် စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Danu State...