Tanintharyi News

Tanintharyi News

မြိတ်မြို့နယ်တွင် စစ်သားများ စခန်းချထားသည့် နေရာများကို လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် တိုက် ခိုက်မှု ၂ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂

 

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တွင်အကြမ်းဖက်စစ်သားများ စခန်းချထားသည့် နေရာများကို လက် နက်ကြီး၊ ဒရုန်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မြိတ်ပြည်သူ့ကာကွယ် ရေးအဖွဲ့ထံမှ သိရသည်။

 

ဒီဇင်ဘာလ ၂၉ ရက် နံနက် ၈ နာရီခန့်က မြိတ်မြို့နယ်၊ လသာကျေးရွာ၊ ဘုရားကုန်းဝန်းကျင်ရှိ အ ကြမ်းဖက် စစ်ကောင်စီတပ်သားများရှိရာ နေရာများကို ၄၀ မမ လက်နက် ကြီးဖြင့် ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့နောက် မြိတ်မြို့နယ်၊ တုံဗျောကြီးကျေးရွာ စစ်ကောင်စီစခန်းကိုလည်း ၈၀ မမ လက်နက်ကြီး ၂ လုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၃၁ ရက်နေ့ကလည်း မြိတ်မြို့နယ်၊ လသာကျေးရွာ စစ်ကောင်စီ တပ်သားများ ရှိရာ နေရာကို ၈၀ မမ လက်နက်ကြီး ၂ လုံး ဖြင့် ပစ်ခတ်ပြီး နောက် လက်နက်ငယ်များ ဖြင့် ထပ်မံ ပစ် ခတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

 

အလားတူ ဒီဇငင်ဘာလ ၃၁ ရက် နံနက် ၉ နာရီဝန်းကျင်တွင် မြိတ်မြို့နယ်၊ လသာကျေးရွာရှိ စစ် ကောင်စီ တပ်သားများ တည်ရှိရာ နေရာများကို ဒရုန်းဖြင့် ဗုံးသီးကြဲချမှု ၁ ကြိမ်၊ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ၂ ကြိမ် လုပ်ဆောင်ခဲ့ရာ အကြမ်းဖက် စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများက လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

ကမ္မမြို့တွင်း၌ ပြည်သူပိုင်ပစ္စည်းများကို လိုက်လံခိုးယူနေသော စစ်ကား ၂ စီးကို တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၂၇   မကွေးတိုင်း ၊ ပခုက္ကူ မြို့နယ် ၊ ကံမ္မမြို့အတွင်း၌ ပြည်သူပိုင်ပစ္စည်းများကို လိုက်လံခိုးယူနေသော စစ်...