Tanintharyi News

Tanintharyi News

ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၈

 

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲထားသော အကြမ်း ဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း Tavoy People Liberation Force – TPLF အဖွဲ့ထံမှ သိရသည်။

 

ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာ ဘုန်းကြီးကျောင်းဝင်း အတွင်း တပ်စွဲထား သော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ် သား ၅ ဦး သေဆုံးပြီး ၆ ဦး ထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ပြည်သူတွေ အနေဖြင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေရှိရာ နေရာကို သွားလာခြင်းမပြု လုပ်ဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု Tavoy People Liberation Force – TPLF မှ တာဝန်ရှိသူက ပြောဆိုသည်။

 

အဆိုပါတိုက်ခိုက်မှုကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်-TPLF နှင့် TPLF Drone Team တို့ အပါအဝင် သာဂရစစ် ကြောင်း၊ Ba Htoo Army၊ ရေဖြူပကဖ နှင့် ဇင်ယော်တပ်စု (‌ရေဖြူ)တို့ က ပူးပေါင်းကာ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မင်းလှမြို့မရဲစခန်းမှ ဆိုင်ကယ်ဖြင့် ကင်းလှည့်ထွက်လာသော ရဲများကို မိုင်းဆွဲတိုက်ခိုက်

မင်းလှမြို့မရဲစခန်းမှ ဆိုင်ကယ်ဖြင့် ကင်းလှည့်ထွက်လာသော ရဲများကို မိုင်းဆွဲတိုက်ခိုက်

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၄ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြိုနယ်၊ မြိုမရဲစခန်းမှ ကင်းလှည့်ရန် ထွက်ခွာလာသည့် ရဲများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။ ယမန်နေ့ စက်တင်ဘာလ ၁၃ ရက် ည ၈ နာရီ ၅၀...