Tanintharyi News

Tanintharyi News

မြန်မာရေပိုင်နက်အတွင်း ဝင်ရောက်လာသော ထိုင်းငါးဖမ်းစက်လှေ ၄ စီးကို မြန်မာစစ်ကောင်စီ တပ်က ပစ်ခတ်မှု ထိုင်းနိုင်ငံသား ၂ ဦး သေဆုံး၊ စက်လှေ ၂ စီးဖမ်းဆီးခံထားရ

 

သံလွင်မြန်မာသတင်း

နိုဝင်ဘာလ ၃၀

 

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဇာဒက်ကြီးကျွန်းအောက်ဖက်၊ သံကျွန်းအနီး မြန်မာ ရေပိုင် နက်အတွင်း ဝင်ရောက်လာသော ထိုင်း ငါးဖမ်းစက်လှေ ၄ စီးကို မြန်မာစစ်ကောင်စီတပ်က ပစ် ခတ်ဖမ်းဆီးရာ ထိုင်းနိုင်ငံသား ၂ ဦးသေဆုံးပြီး စက်လှေ ၂ စီး ဖမ်းဆီးခံထားရကြောင်း ဒေသတင်း ရင်းတွေထံက သိရပါတယ်။

 

မနေ့က နိုဝင်ဘာလ ၂၉ ရက် ည ၁၂ နာရီ သန်းခေါင်ယံအချိန် ကော့သောင်းခရိုင်၊ ဇာဒက်ကြီးကျွန်း အောက်ဘက် သံကျွန်းနားကို ရောက်လာတဲ့ ထိုင်းငါး ဖက်စက်လှေ ၄ စီးကို မြန်မာရေပိုင်နက် အ တွင်း ကျူးကျော်ဝင် ရောက်တယ်လို့ဆိုကာ စစ်ကောင်စီ တပ်က အတွဲလိုက်ပစ်ခတ်ဖမ်းဆီးလို့ ထိုင်းနိုင်ငံသား ၂ ဦးသေဆုံးကာထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

 

စက်လှေ ၄ စီးအနက် ၂ စီးဖမ်းခံရကာ ကျန် ၂ စီးကတော့ ထွက်ပြေးလွတ်မြောက်သွားလို့ ဆိုပါ ပါတယ်။

“ညက ၁၂ နာရီလောက်ဖြစ်တာ၊ ဇာဒက်ကြီးကျွန်းအောက်နားက သံကျွန်းနားမှာ ပစ်ခံထိတာ၊ လှေကတော့ ထိုင်းလှေတွေ၊ မြန်မာရေပိုက်နက်ထဲကို ဝင်လာတဲ့အချိန်မှာ မြန်မာစစ်တပ်က နေ ပစ်လိုက်တာ၊လှေတွေက ထိုင်းနိုင်ငံ၊ နမ်ရုံတို့၊ နန်မခမ်းတို့ဘက်လှေတွေလို့ ပြောတယ်။ အဲဒီဘက် ကလှေတွေက ဗမာပိုင်နက်ထဲမှာလာပြီးတော့ ငါးခိုးဖမ်းတာပေါ့။ ဖမ်းနေတဲ့အချိန်မှာ ဗမာစစ် သင်္ဘော ကနေလိုက်ပစ်တာ၊ ၂ စီးကတော့ လွတ်သွားတယ်၊ ၂ စီးကတော့ ဖမ်းခံသွားတာ၊ အပစ်ခံ ထိတဲ့ နေရာမှာလည်း ထိုင်းနိုင်ငံသား ၂ ယောက်သေတယ်၊  မြန်မာအလုပ်သမားတွေ ရေထဲခုန်ချ ထွက်ပြေးကြတာ၊ သေလား၊ ရှင်လား မသိရသေးဘူး။” လို့ ဒေသသတင်းရင်းမြစ်က ပြောပါတယ်။

 

ဖမ်းဆီးခံထားရတဲ့ ငါးဖမ်းစက်လှေ ၂ စီးကို ကော့သောင်းမြို့ဘက်ကို ဆွဲယူသွားပါတယ်။

 

စက်လှေ ပေါ်ပါ ငါးဖမ်းအလုပ်သမား ဘယ်နှစ်ယောက်အဖမ်းခံရတယ်၊ ဘယ်နှစ်ယောက် ထိခိုက် ဒဏ်ရာရတယ်ဆိုတာ မသိရသေးပါဘူး။

 

ထွက်ပြေးလွတ်မြောက်သွားတဲ့ စက်လှေ ၂ စီးကလည်း ထိုင်းနိုင်ငံ၊ နမ်ယွန် ဘက်ကို ပြန်လည် ရောက်ရှိသွားပြီဖြစ်တယ်လို့ သိရပါတယ်။

Thanlwin Myanmar Mdeia

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တောင်ကြီးမြို့ အခြေစိုက် ရှမ်း/တောင်ကြက်ခြေနီအသင်း ဥက္ကဌ ၊ လေတပ်မှ ဗိုလ်မှူးဖြင့် ထုတ်ပယ် ခံရသူ ညီညီ က နိုင်ငံတကာ နှင့် ပြည်တွင်းပြည်ပလှူဒါန်းပစ္စည်း၊ ငွေများကို အလွဲသုံးစားပြုပြီး ကိုယ်ကျိုးအတွက်အသုံးပြုနေ

တောင်ကြီးမြို့ အခြေစိုက် ရှမ်း/တောင်ကြက်ခြေနီအသင်း ဥက္ကဌ ၊ လေတပ်မှ ဗိုလ်မှူးဖြင့် ထုတ်ပယ် ခံရသူ ညီညီ က နိုင်ငံတကာ နှင့် ပြည်တွင်းပြည်ပလှူဒါန်းပစ္စည်း၊ ငွေများကို အလွဲသုံးစားပြုပြီး ကိုယ်ကျိုးအတွက်အသုံးပြုနေ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ အခြေစိုက် ရှမ်း/တောင် ကြက်ခြေနီ ဥက္ကဌ ၊ လေတပ်မှ ဗိုလ်မှူးအဆင့်ဖြင့် ထုတ် ပယ်ခံရသူ ညီညီက နိုင်ငံတကာနှင့်ပြည်တွင်း၊ ပြည်ပအလှူရှင်များ၏ ငွေကြေး၊ ပစ္စည်းများကို အလွဲသုံးစားပြုပြီး ကိုယ်ကျိုးအတွက် အသုံးပြုနေကြောင်းTGI Support Revolution ထံမှ...