Tanintharyi News

Tanintharyi News

တနင်္သာရီမြို့နယ်တွင် စစ်ယာဉ်တန်းနှင့် ရမ်းဖိုဘုန်းကြီးကျောင်းကိုဝင်ရောက်နေထိုင်သည့် စစ်သား များကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး (ရုပ်သံ)

 

D Day News

မေလ ၂၁

 

တနင်္သာရီမြို့နယ်၊ ဘန်လမွတ်ကျေးရွာအနီးတွင် စစ်တပ်ယာဉ်တန်းနှင့် ရမ်းဖိုကျေးရွာ ဘုန်းကြီး ကျောင်း၌ တပ်စွဲထားသော စစ်သားများကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံးခဲ့ ကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ မေလ ၂၀ ရက် မွန်းတည့် ၁၂ နာရီ ၄၉ မိနစ် အချိန်က မြိတ်မြို့နယ် ထောက်ပို့တပ်မှ တနင်္သာရီမြို့နယ်ဘက်သို့ ရိက္ခာပို့ရန် လာသော အကြမ်းဖက်စစ်ယာဉ်တန်းကို တနင်္သာရီမြို့နယ်၊ ဘန်းလမွတ် ကျေးရွာအုပ်စု၊ ကမ်းတိုရွာ ဆီအုန်းကုန်းအရောက်တွင် ဗိုလ်ခရင်းတပ်ဖွဲ့မှ မိုင်းဆွဲ တိုက်ခိုက်၍ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

https://youtu.be/l9tErm1ugB8

အလားတူ မေလ ၂၀ ရက် မွန်းလွဲ ၁ နာရီ ၃၂ မိနစ်အချိန်တွင် တနင်္သာရီမြို့ဘက် မြိတ်မြို့ဘက်သို့ အကြမ်းဖက်စစ်သားများ တင်ဆေင်လာသည့် ယာဉ်တန်းကို ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန် အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ ကြောင်း သိရသည်။

 

တနင်္သာရီမြို့နယ်၊ ဘန်လမွတ်ကျေးရွာအုပ်စု၊ ရမ်းဖိုကျေးရွာဘုန်းကြီးကျောင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့ ထံမှ သိရသည်။

 

မေလ ၁၉ ရက် ညနေ ၅ နာရီ ၃၇ မိနစ်အချိန်တွင် တနင်္သာရီမြို့ဘက်မှ ခြေလျင်တက်လာသော အ ကြမ်းဖက်စစ်သား ၂၅ ဦးသည် ရမ်းဖိုတုန်းကြီးကျောင်း၌ နေရာယူထားစဉ် ဗိုလ်ခရင်းတပ်ဖွဲ့ ရဲဘော် တစ်ဦး ကင်းထောက်သွားရာ အကြမ်ဖးက်တပ်သားများ၏ ဖမ်းဆီးစစ်ဆေးခြင်း ခံလိုက်ရ ကြောင်း သိရသည်။

 

ထို့သို့ ဖမ်းဆီး စစ်ဆေးခံနေရစဉ် အနောက်မှ တက်လိုက်သွားသော ဗိုလ်ခရင်းတပ်ဖွဲ့တို့မှ ထိပ်တိုက် ရင်ဆိုင်တွေ့ပြီး အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ရာ  ဖမ်းဆီးစစ်ဆေးခံနေရသည့် ရဲဘော်ထွက်ပြေး လွတ်မြောက်လာခဲ့ပြီး အကြမ်းဖက်စစ်သား ၂ ဦးလည်းသေဆုံးခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်သားများ၏ ဖမ်းဆီးခံရမှုကြောင့် ရဲဘော်နှင့်အတူ ပါသွားသော ဆိုင်ကယ်တစ်စီး၊ ဖုန်း တစ်လုံး၊ ပါဝါဘဏ် တစ်လုံးနှင့် လွယ်အိတ် တစ်လုံးထဲရှိ ပစ္စည်းများ ဆုံးခဲ့ကြောင်း သိရသည်။

 

ဗိုလ်ခရင်းတပ်ဖွဲ့အနေဖြင့် တိုက်ပွဲများ ဆက်လက်ဖော်ဆောင်နိုင်ရန် လက်နက်၊ ခဲယမ်းများလိုအပ် လျက်ရှိပြီး  ထောက်ပို့ ၊ ပြည်သူများ၏ အကူအညီများလိုအပ်လျက်ရှိကြောင်း၊ ထို့ကြောင့် ဝိုင်း ဝန်း ထောက်ပံ့ပေးကြစေလိုကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ရဲ၊ ပျူစောထီး ၁၄ ဦး သေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ရဲ၊ ပျူစောထီး ၁၄ ဦး သေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၄ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ဆုံရွာစခန်းမှ ငါန်းမြာကြီးရဲကင်းစခန်းဘက်သို့ ထွက်လာ သော အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများကို တိုက်ခိုက်ခဲ့ရာ ၁၄ ဦးသေဆုံးပြီးလက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်းမန္တလေးခရိုင်အမှတ် ၅ တပ်ရင်းထံမှ သိရသည်။ ဩဂုတ်လ ၂၁ ရက်...