Tanintharyi News

Tanintharyi News

တနင်္သာရီမြို့နယ်၊ သိန္ဓောစစ်တပ်စခန်းနှင့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦး ထက်မနည်းထိခိုက်ဒဏ်ရာရရှိ

 

D Day News

မေလ ၁၅

 

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ သိန္ဒောစခန်းကို ဒရုန်း ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း မြိတ်ခရိုင်ပူးပေါင်း စစ်ကြောင်း ၁ ထံမှ သိရသည်။

 

ယမန်နေ့ မေလ ၁၄ ရက် နေ့လည်ပိုင်းက တနင်္သာရီမြို့နယ်၊ သိန္ဓောစစ်တပ်စခန်းကို မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁) ၏ ADF ဒရုန်းအဖွဲ့မှ ဒရုန်းဖြင့်ဗုံးသီး ၅ လုံး တပြိုင် တည်း ကြဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

 

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုအပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများက လက်နက်ကြီးများဖြင့် ပြန် လည်၍ ရမ်းသန်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များထိခိုက်မှုမရှိ ပြန်လည်ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မေလ ၁၃ ရက် နံနက်ပိုင်းက တနင်္သာရီမြို့နယ်၊ ဘန်ကြုပ်ကျေးရွာအနီးသို့ အင်အား ၇၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူး ပေါင်း စစ်ကြောင်း ၁ နှင့် တောင်ပိုင်းညီနောင်စစ်ကြောင်းတို့ပူးပေါင်းပြီး စောင့်ကြို တိုက်ခိုက်ခဲ့ရာ မိနစ် ၄၀ ခန့်အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင် ၄ ဦး မစိုးရိမ်ရ ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း၊ အလားတူ ညနေပိုင်းတွင်လည်း ဒုတိယ အကြိမ်ထပ်မံတိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

 

မေလ၊ ၁၄ ရက် နံနက် ၈ နာရီအချိန်ခန့်တွင် တနင်္သာရီမြို့နယ်၊ ဘန်လင်ရွာအနောက်ဖက် ဆီအုန်း တောအတွင်း ဖြတ်ဝင်လာသော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို မြိတ်ခရိုင်၊ ပြည်သူ့ကာ ကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက် သေဆုံးမှုရှိနိုင်ပြီး အသေးစိတ်အခြေအနေကို အတည်ပြုနိုင်ရန် စုံစမ်းလျက်ရှိကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရွှေကျင်မြို့နယ်၊ ဒုံးစရစ်ကျေးရွာအနီးရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေး ဂိတ်ကို ဝင်ရောက် တိုက်ခိုက်မျု အရာရှိ တစ်ဦးအပါအဝင် စစ်သား ၂ ဦးသေဆုံး

ရွှေကျင်မြို့နယ်၊ ဒုံးစရစ်ကျေးရွာအနီးရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေး ဂိတ်ကို ဝင်ရောက် တိုက်ခိုက်မျု အရာရှိ တစ်ဦးအပါအဝင် စစ်သား ၂ ဦးသေဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၄ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ဒုံးစရစ်ကျေးရွာအနီးရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင် ရောက်တိုက်ခိုက်ခဲ့ရာ အရာရှိတစ်ဦးအပါအဝင် စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ညီညွတ်ရေး တပ်ဦး - PUF ထံမှ သိရသည်။ ယနေ့ ဩဂုတ် ၂၄ ရက်...