Tanintharyi News

Tanintharyi News

ရေဖြူမြို့နယ်တွင် ပြည်သူများကို ဖိနှိပ် ငွေညှစ်နေသည့် ဂန့်ဂေါ်တောင်ရွာ အုပ်ချုပ်ရေးမှူး ပစ်ခတ် ခံရပြီး သေဆုံး

 

D Day News

စက်တင်ဘာလ ၃၀

 

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် ပြည်သူများကို ဖိနှိပ် ငွေညှစ်နေသည့် ဂန့်ဂေါ်တောင်ရွာ အုပ်ချုပ် ရေးမှူးကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ဒေါနစစ်ကြောင်း တပ်ခွဲ ၆ ဝေဟင်တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၂၉ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်ခန့်တွင် ရေဖြူမြို့နယ်၊ ဂန့်ဂေါ်တောင်ရွာ နေ ပြည်သူများကို ဖိနှိပ် ငွေညှစ်နေသည့် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး တင်မြင့်ကို ဒေါန စစ် ကြောင်း တပ်ခွဲ ၆ နှင့် ဒေါနစစ်ကြောင်း တပ်ခွဲ ၇တို့မှ ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ သေ ဆုံးခဲ့ကြောင်းသိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး တင်မြင့်သည် အကြမ်းဖက် စစ်ကောင်စီတပ်သားများကို လမ်းပြ လုပ်ပေးခြင်း၊ ဖုန်းဖြင့် သတင်းပေးပို့ခြင်း၊ လူကိုယ်တိုင်သွားရောက် သတင်းပေးခြင်းများနှင့် အိမ် ထောင်စုစာရင်းများ စစ်ဆေး၍ လူမတွေ့ရှိလျှင် အကြမ်းဖက် စစ်တပ်ကို သတင်းပေးပို့ခြင်းများ အ ပြင် ရွာသူရွာသားများ အပေါ်တွင်လည်း အကြောင်းမဲ့ ငွေကြေးကောက်ခံခြင်းများပြုလုပ်နေသော ကြောင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေါနစစ်ကြောင်း တပ်ခွဲ ၆ ဝေဟင်တပ်ဖွဲ့က ပြောဆို ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သံဖြူဇရပ် -ရေး အမြန်လမ်းမပေါ်တွင် စစ်ကောင်စီရွေးကောက်ပွဲအတွက် သင်တန်းတက်ရန် သွား ရောက်သည့် Non CDM ကျောင်းဆရာမ ၄ ဦးကို ထိန်းသိမ်းစစ်ဆေးပြီး ခံဝန်ကတိရေးထိုးကာ မိသား စု ထံပြန်လည်အပ်နှံ

သံဖြူဇရပ် -ရေး အမြန်လမ်းမပေါ်တွင် စစ်ကောင်စီရွေးကောက်ပွဲအတွက် သင်တန်းတက်ရန် သွား ရောက်သည့် Non CDM ကျောင်းဆရာမ ၄ ဦးကို ထိန်းသိမ်းစစ်ဆေးပြီး ခံဝန်ကတိရေးထိုးကာ မိသား စု ထံပြန်လည်အပ်နှံ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၅ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဝဲခမီကျေးရွာအနီး သံဖြူဇရပ် -ရေးလမ်းမပေါ်တွင် စစ်ကောင်စီ၏ ရွေး‌ ကောက်ပွဲအတွက် သင်တန်းတက်ရန် သွားရောက်သည့် Non CDM ကျောင်းဆရာမ ၄ ဦးကို ထိန်း သိမ်းစစ်ဆေးပြီး ခံဝန်ကတိရေးထိုးကာ မိသားစုထံ ပြန်လည်အပ်နှံခဲ့ကြောင်း မွန်ပြည်တော်လှန်ရေး တပ်...