Tanintharyi News

Tanintharyi News

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ၌ တပ်စွဲထားသော စစ်သားများကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁၉ ဦးသေဆုံး

 

D Day News

စက်တင်ဘာလ ၂၅

 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအတွင်း တပ်စွဲနေထိုင် နေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၉ ဦးသေဆုံးခဲ့ကြောင်း ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံမှ သိရသည်။

 

စက်တင်ဘာလ ၂၀ ရက် နံနက် ၈ နာရီခန့်က ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန် အလှန် ပစ်ခတ်တိုက်ပွဲ ၂ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁၂ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“လက်ရှိ စစ်ကြောင်းထိုးနေတာတော့ အင်အားက ၃၀၀ အထက်ရှိနိုင်တယ်။ တိုက်ပွဲဖြစ်တုန်း ကတော့ အင်အား ၁၀၀ ဝန်းကျင်ပါ။ လက်နက်ကြီးကတော့ တော်တော်လေးပစ်တယ်။ အမြောက် တပ်နဲ့လည်းနီးတော့။ လက်နက်ကြီး ပစ်ကူကတော့ တိုက်ပွဲဖြစ်တိုင်း မနားတမ်းပစ်ပါတယ်။ တိုက်ပွဲ မဖြစ်တဲ့နေ့တွေဆိုလည်း အနည်းအများတော့ ရမ်းသမ်းပစ်လေ့ရှိပါတယ်” ဟု ရေဖြူမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အလားတူ စက်တင်ဘာလ ၂၂ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် အဆိုပါ အကြမ်းဖက်စစ် ကောင်စီတပ်သားများကို ထပ်မံတိုက်ိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးပြီး အများ အပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)၊ ဘီလုံးပျောက်ကျားတပ်ဖွဲ့၊ က္ကားသစ္ဆတ် (ကျားသစ်နက်) ၊ တပ်မဟာ ၆ တပ်ရင်း ၂၇၊ Eastern Defense Force (EDF) နှင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေး တပ်တော် (DNLA) တို့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

မိဘပြည်သူများအနေနှင့်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆင်ရေးများအား အရှိန်အဟုန် တိုးမြင့်စွာ ဆောင်ရွက်နေသည့်အချိန် ဖြစ်သောကြောင့် မိဘပြည်သူများ အနေဖြင့် စစ်ရေးအထူး အသိ၊ သတိပြု သွားလာနေထိုင်ကြရန် နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ပြည် သူ့ဘက်၊ အမှန် တရားဘက် ရပ်တည်ကာ  ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံးခိုလှုံဝင်ရောက်ကြပါရန် တိုက်တွန်းထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

ငဖဲမြို့နယ်၊ ခွန်ဇူရွာစစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး လက်နက် ၆ လက်နှင့်အတူ ၁ ဦးအရှင်မိ ၊ နတ်ရေကန်ဗျူစခန်းမှထွက်ပြေးလာသော စစ်သား ၁၄ ဦးအရှင်မိ   သံလွင်မြန်မာသတင်း ဇွန်လ ၂၂   မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ခွန်ဇူရွာစစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ...