Tanintharyi News

Tanintharyi News

တနင်္သာရီအခြေစိုက် ခမရ ၅၅၇ တပ်ရင်းနှင့် ခမရ ၅၆၁ တပ်ရင်း ၂ ခုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

 

D Day News

ဧပြီလ ၉

 

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၅၇ တပ်ရင်းနှင့် ခမရ ၅၆၁ တပ်ရင်းတို့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် ပူးပေါင်းစစ်ကြောင်း ၁ ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၈ ရက် ညပိုင်းက တနင်္သာရီမြို့နယ်၊ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၅၇ တပ် ရင်းကို ဒရုန်းဖြင့် တစ်ကြိမ်၊ ခမရ ၅၆၁ တပ်ရင်းကို ဒရုန်းဖြင့် ၂ ကြိမ် ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့ ကြောင်း၊ ထို့အပြင် ဧပြီလ ၇ ရက် ညပိုင်းက အကြမ်းဖက်စစ်ကောင်စီ၏ခမရ ၅၅၇ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးသီး ၃ ကြိမ်ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

“ဒဏ်ရာရတာတွေတော့ရှိတယ်၊ သေတာတော့မကြားရသေးဘူး၊ အသေးစိပ်သိဖို့ စုံစမ်းနေပါတယ်။ ကျနော်တို့ရဲဘော်တွေအားလုံးဘေးကင်းပါတယ်” ဟု မြိတ်ခရိုင် ပူးပေါင်းစစ်ကြောင်း ၁ မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြေင်း – ၁ ၏ ADF ဒရုန်းအဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဂန့်ဂေါမြို့နယ်၊ စိုင်ဒူးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်၊ အဆောက်အအုံ ၄ လုံး ကို မီးရှို့ဖျက်ဆီး

ဂန့်ဂေါမြို့နယ်၊ စိုင်ဒူးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်၊ အဆောက်အအုံ ၄ လုံး ကို မီးရှို့ဖျက်ဆီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၈ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ စိုင်ဒူးရွာကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်၊ အဆောက်အအုံ ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ယောအလင်းတန်းထံမှ သိရသည်။ ယနေ့ အောက်တိုဘာလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ဂန့်ဂေါမြို့၊ ခလရ ၅၀...