Tanintharyi News

Tanintharyi News

မြိတ်မြို့မှ အကြမ်းဖက်စစ်ကောင်စီ၏ လေယာဉ်ဆီပေပါများ တင်ပြီး ထားဝယ်ဘက်သို့မောင်းနှင် လာသော ငါးဖမ်းစက်လှေ ၂ စီးကို ကြားဖြတ်တိုက်ခိုက်

 

D Day News

စက်တင်ဘာလ ၁၇

 

တနင်္သာရီတိုင်း၊ မြိတ်မြို့မှ အကြမ်းဖက်စစ်ကောင်စီ၏ လေယာဉ်ဆီပေပါများတင်ပြီး ထားဝယ်ဘက် သို့မောင်းနှင်လာသော ငါးဖမ်းစက်လှေ ၂ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းလောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

စက်တင်ဘာလ ၁၅ ရက် နံနက် ၇ နာရီခန့်က မြိတ်မြို့မှ အကြမ်းဖက်စစ်ကောင်စီ၏ လေယာဉ်ဆီ ပေပါများ တင်ဆောင်ပြီး ထား၀ယ်ဘက်သို့ ထားဝယ်မြစ်အတိုင်း မောင်းနှင်လာသည့် ငါးဖမ်း စက် လှေ ၂ စီးကို စောင့်ဆိုင်းပြီး ကြားဖြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေ ဆုံးမှုရှိ၊ မရှိ ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ – ပကဖ ရဲဘော်များက တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းငါးဖမ်းစက်လှေ ၂ စီးပေါ်တွင် အကြမ်းဖက်စစ်သား ၄ ဦး လိုက်ပါလာကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

ထီးလင်းမြို့နယ်အရှေ့ခြမ်းပုံတောင် တောင်ကြောပေါ်တနေရာတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိပဲ စစ် တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်   သံလွင်မြန်မာသတင်း ဇွန်လ ၁၆   မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ အရှေ့တောင်ခြမ်း ပုံတောင်တောင်ပေါ်တနေရာကို စစ်တပ်က တိုက် ပွဲဖြစ် ပွားခြင်းမရှိပဲ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ထီးလင်းမြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့...