Tanintharyi News

Tanintharyi News

လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ပျူစခန်းကို တိုက်ခိုက် သိမ်းပိုက်၊ စစ်သား၊ ပျူ ၁၂ ဦးသေဆုံးပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိကာ ပျူစခန်းကို မီးရှို့ဖျက်ဆီး

 

D Day News

စက်တင်ဘာလ ၁၄

 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာရှိ ပျူစခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ အ ကြမ်းဖက်စစ်သား၊ ပျူ ၁၂ ဦးသေဆုံးပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့ကာ ပျူစခန်းကို မီးရှို့ ရှင်းလင်း ကြောင်း ဓဝယ်အမျိုး သားလွတ်မြောက်ရေး တပ်တော် (DNLA) ထံက သိရသည်။

 

စက်တင်ဘာလ ၉ ရက် မွန်းလွဲ ၁ နာရီ ခန့်က လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာရှိ အကြမ်း ဖက်စစ်သား၊ ပျူများ ပူးပေါင်းတပ်စွဲထားသည့် စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ် ခတ် တိုက်ခိုက်ပွဲ ၄ နာရီဝန်းကျင်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား၊ ပျူ၁၂ ဦးသေဆုံးခဲ့ကြောင်း ကြောင်း သိရသည်။

ထို့အပြင် အကြမ်းဖက်စစ်သား၊ ပျူများ အသုံးပြုသည့် ကာဘိုင် သေနတ် ၃ လက်၊ M-I6 သေနတ် ၁ လက်၊ အဝေးကြည့်မှန်ပြောင်း ၁ ခု၊ စကားပြောစက် ၂ လုံး၊ စကားပြောစက် ၂ လုံး၊ လက်ကိုင်ဖုန်း ၄ လုံး၊ Power Bank ၂ လုံး၊ ဓားမြောင် ၂ လက်၊ လက်ထိပ် ၁ ခု ဘဏ်စာအုပ်နှင့် စာရွက်စာတမ်းအများ သိမ်းဆည်းရရှိခဲ့ပြီး ပျူစခန်းကို မီးရှို့ ရှင်းလင်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်မှုကို ဓဝယ်အမျိုးသားလွတ် မြောက်ရေးတပ်တော် (DNLA)၊ ရေဖြူပြည် သူ့ကာကွယ် ရေး တပ်ဖွဲ့ (YPPDF)ဖက်ဒရယ်ဓူဝံကြပ်တပ်ဖွဲ့ (Federal Polaris force)၊ ဘီလုံးပျောက် ကျားတပ် ဖွဲ့နှင့် က္လားသစ္ထတ် (ကျားသစ်နက်)တို့က ပူပေါင်းတိုက်ခဲ့ကြောင်း သိရသည်။

 

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ဆင်ရေးများကို အရှိန်အဟုန်တိုး မြင့်စွာ ဆောင်ရွက်နေသည့် အ တွက် မိဘပြည်သူများ အနေဖြင့် စစ်ရေး အထူး အသိ/သတိ ပြုသွားလာနေထိုင်ကြရန် ဓဝယ်အမျိုး သားလွတ် မြောက်ရေး တပ်တော် (DNLA) က တိုက်တွန်းထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တောင်ငူ -လိပ်သို လမ်းပိုင်းကို ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု အရာရှိ တစ်ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံး

တောင်ငူ -လိပ်သို လမ်းပိုင်းကို ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု အရာရှိ တစ်ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၅ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်နှင့် သံတောင်ကြီးမြို့နယ်သို့ ဆက်သွယ်ထားသော တောင်ငူ -လိပ်သို လမ်းပိုင်းသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ အရာရှိ တစ်ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း KNLA တပ်မဟာ ၂ ၊ တပ်ရင်း...