ကျွန်းစုမြို့နယ်အတွင်းရှိ စစ်ကော်မရှင်လက်အောက်ခံမြို့နယ်အုပ်ချုပ်ရေးမှူးမှ ရပ်/ကျေးအဆင့် အထိ အချက်အလက်အားလုံးရရှိထားပြီး အတုအယောင်ရွေးကောက်ပွဲအား ပူးပေါင်းပါဝင်သူများကို ထိထိရောက်ရောက် အရေးယူသွားမည်ဟု ထုတ်ပြန်

ကျွန်းစုမြို့နယ်အတွင်းရှိ စစ်ကော်မရှင်လက်အောက်ခံမြို့နယ်အုပ်ချုပ်ရေးမှူးမှ ရပ်/ကျေးအဆင့် အထိ အချက်အလက်အားလုံးရရှိထားပြီး အတုအယောင်ရွေးကောက်ပွဲအား ပူးပေါင်းပါဝင်သူများကို ထိထိရောက်ရောက် အရေးယူသွားမည်ဟု ထုတ်ပြန်

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၂၆

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်းရှိ စစ်ကော်မရှင်လက်အောက်ခံမြို့နယ်အုပ်ချုပ် ရေးမှူးမှ ရပ်/ကျေးအဆင့် အထိ အချက်အလက်အားလုံးရရှိထားပြီး အတုအယောင်ရွေးကောက်ပွဲ အား ပူးပေါင်းပါဝင်သူများကို ထိထိရောက်ရောက် အရေးယူသွားမည် ကျွန်းစုမြို့နယ်ပြည်သူ့ ကာ ကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ထုတ်ပြန်သည်။

ကျွန်းစုမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်ကော်မရှင်လက်အောက်ရှိ မြို့နယ်မှ ရပ်/ကျေးအဆင့်ထိ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ အမည်စာရင်းနှင့် နေရပ်လိပ်စာအပြည်အစုံကို ရရှိထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် သတိပေးထားသည်ကို လိုက်နာခြင်းမရှိပဲ အကြမ်းဖက်စစ်ကော်မရှင်ကို နိုင်ငံရေးအရ ထွက်ပေါက်ရအောင် ပြည်သူတို့၏သွေးဖြင့် ခင်းနေသော လမ်းအား အားပေးကူညီနေသည်ကို စုံစမ်း သိရှိရပါကပြင်းထန်သောနည်းလမ်းဖြင့်ထိရောက်စွာအပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း အသိ ပေးထားသည်။

“ကျွန်းစုမြို့နယ်ထဲမှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လှုပ်ရှားမှုရှိနေပါတယ်။ ဒီလိုလှုပ်ရှားနေတဲ့သူကို အရေးယူမှာပါ။ ထိထိရောက်ရောက် အရေးယူဖို့ရှိပါတယ်” ဟု ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့ – ပကဖ မှ တာဝန်ရှိသူက ပြောကြားသည်။

ကျွန်းစုမြို့နယ်အတွင်းရှိ တော်လှန်ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကော်မရှင်၏ စစ်အာဏာ ရှင် စနစ်သက်ဆိုးရှည်စေရေးနှင့် နိုင်ငံရေးအရတရားဝင်မှုရရှိအောင်ရည်ရွယ်ချက်ရှိရှိလုပ်ဆောင် နေ သည့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲနှင့် ဟန်ပြငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို တော်လှန် ရေးသတိကြီးစွာဖြင့် ပူးပေါင်းပါဝင်ခြင်း၊ အားပေးခြင်းတို့ကို လုံးဝမပြုဘဲ ပြတ်သားခိုင်မာသည့် သ ဘောထားရပ်တည်ချက်များဖြင့် အားလုံးအတူတကွ တခဲနက်ဆန့်ကျင်တုံ့ပြန်သွားကြပါရန် တိုက် တွန်းနှိုးဆော်ထားသည်။

အကြမ်းဖက်စစ်ကော်မရှင်လက်အောက်ရှိမြို့နယ်၊ရပ်/ကျေးအဆင့်ဆင့်သောအုပ်ချုပ်ရေးအဖွဲ့ဝင် များအနေဖြင့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲဖြစ်မြောက်စေရန်မဲစာရင်းပြုစုပေးခြင်း၊ ပြည်သူများကိုမဲစာရင်းကြည့်ရန် ဖိအားပေးလုပ်ဆောင်ခြင်း ၊ ပြည်သူတို့၏ဆန္ဒမပါဘဲအတင်း အဓမ္မဖိအားပေးပြီး မဲပေးစေခြင်းကို လုံးဝ(လုံးဝ) မပြုလုပ်ကြရန် အထူးသတိပေးထားသည်။

အကြမ်းဖက်အာဏာသိမ်းထားသောစစ်ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲ ကျင်းပခွင့်မရှိသလို ပြည် သူတို့၏သဘောဆန္ဒမပါဝင်ဘဲ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို အတင်းအဓမ္မ လုပ်ကြံ ဖန်တီးပြုလုပ်ခြင်းသည် ဒီမိုကရေစီကျင့်စဉ်ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်သည့်အပြင် ပြည် သူတို့၏အချုပ်အခြာအာဏာကို မတရားရယူရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု မှတ်ယူပါကြောင်း၊ စစ် အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် ဆောင်ရွက်နေသည့် အကြမ်း ဖက်စစ်ကော်မရှင်၏ တရား မဝင် အတုအယောင်ရွေးကောက်ပွဲနှင့် အတုအယောင်ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်အား ဆန့်ကျင် ကြောင်းနှင့် လုံးဝ(လုံးဝ)ခွင့်ပြုမည် မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အုတ်ဖိုမြို့နယ်တွင် စစ်တပ်ကပြုလုပ်မည့် အတုအယောင်ရွေးကောက်အား မဲပေးရန် ဖိအားပေး ခြိမ်း ခြောက်နေသူ အုပ်ချုပ်ရေးမှူး တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

အုတ်ဖိုမြို့နယ်တွင် စစ်တပ်ကပြုလုပ်မည့် အတုအယောင်ရွေးကောက်အား မဲပေးရန် ဖိအားပေး ခြိမ်း ခြောက်နေသူ အုပ်ချုပ်ရေးမှူး တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၆ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲအား မဲပေးရန် ဖိအားပေးခြိမ်းခြောက်နေသူ အုပ်ချုပ်ရေးမှူး အုပ်ချုပ်ရေးမှူး အေး သောင်းကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သာယာဝတီရိုင် တပ်ရင်း ၃၈၀၂ က ထုတ်ပြန် သည်။ ယမန်နေ့...