တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာအနီးတပ်စွဲထားသော စစ်သားများကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာအနီးတပ်စွဲထားသော စစ်သားများကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၁၉

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာအနီး၌ တပ်စွဲထားသော အကြမ်းဖက်စစ်သား များကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း မြိတ်ခရိုင်အမှတ် ၂ တပ်ရင်းက ထုတ်ပြန်သည်။

အောက်တိုဘာလ ၁၆ ရက် နံနက် ၁၀ နာရီခန့်က တနင်္သာရီမြို့နယ်၊ တမုတ်ချုံကျေးရွာအနီး၌ တပ်စွဲ ထားသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက် ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၄၅ မိနစ် ခန့်ကြာမြင့်ခဲ့ပြီး စစ်သား ၄ ဦး ခန့် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိတ်ခရိုင်အမှတ်၂ တပ်ရင်း တပ်ခွဲ၂ ၊ ကော့သောင်းခရိုင်တပ်ရင်း ၁၊ Dragon Squad ဒရုန်းတပ်ဖွဲ့နှင့် တနင်္သာရီမြို့နယ်ပကဖတပ်ဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပေါင်းတည်မြို့နယ်တွင် ဂိတ်ဖွင့်ဆက်ကြေးကောက်ရန်ထွက်လာသော ရဲများကို မိုင်းဆွဲတိုက်ခိုက်မှု ဒုရဲအုပ် အေးမင်းထွန်းအပါအဝင် ၂ ဦးအပြင်းအထန် ဒဏ်ရာရ

ပေါင်းတည်မြို့နယ်တွင် ဂိတ်ဖွင့်ဆက်ကြေးကောက်ရန်ထွက်လာသော ရဲများကို မိုင်းဆွဲတိုက်ခိုက်မှု ဒုရဲအုပ် အေးမင်းထွန်းအပါအဝင် ၂ ဦးအပြင်းအထန် ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၉ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ဂိတ်ဖွင့်ဆက်ကြေးကောက်ရန် ထွက်လာသော ရဲများ ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်အေးမင်းထွန်းအပါအဝင် ၂ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း အမှတ် ၃၆၀၁ တပ်ရင်း ကထုတ်ပြန်သည်။ ယမန်နေ့ အောက်တိုဘာလ ၁၈ ရက်နေ့ နံနက်...