သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၁၈
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ အောင်သပြေဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးပြီး စစ်သား အားလုံး ရဲစခန်းထဲသို့ ဆုတ်ပြေး သွားကြောင်း ထား၀ယ်ခရိုင်တပ်ပေါင်းစုထံမှ သိရသည်။
ယမန်နေ့ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၅ နာရီခန့်တွင် လောင်းလုံးမြို့၊ အောင်သပြေဘုန်း ကြီးကျောင်း၌ တပ်စွဲထားသော စစ်သားများက အနီးအနားရှိ ကျေးရွာများမှ လူငယ်များကို ပေါ်တာ ဆွဲ ဖမ်းဆီးရန် ထွက်လာသဖြင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးပြီး ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ဝင်ရောက်တိုက်ခိုက်မှုကြောင့် အောင်သပြေဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သားများ မှာ ဆက်လက်နေထိုင်ရဲခြင်းမရှိတော့ပဲ လောင်းလုံးမြို့ထဲရှိ ရဲစခန်းထဲသို့ ပြောင်းရွှေ့သွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ထားဝယ်ခရိုင်တပ်ပေါင်းစုမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် လောင်းလုံးမြို့နယ်အတွင်းရှိ ပြည်သူလူထုနေအိမ်များ ကို လက်နက်ကြီးဖြင့် ပစ်ခတ်ကာ ဖျက်ဆီးခြင်း၊ ပြည်သူများထံမှ ဆက်ကြေးကောက်ခံခြင်း၊ လူငယ် များကို ပေါ်တာဆွဲဖမ်းဆီးခြင်းတို့ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
Thanlwin Myanmar Media