သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၁၅
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်တွင် လက်နက်ခဲယမ်းပို့ရန် ထွက်လာသည့် စစ် တပ်စစ်ကြောင်းကို စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ဒူရက စစ်ကြောင်းက ထုတ်ပြန်သည်။
အောက်တိုဘာလ ၁၃ ရက် နံနက် ၁၀ နာရီခန့်က ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအတွင်း ရှိ အမတ ၃၀၂ မှ လက်နက်ခဲယမ်းပို့ ထွက်လာသော အင်အား ၁၀၀ ပါ စစ်တပ်စစ်ကြောင်းကို တော် လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်း မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ညီနောင်ရဲဘော်များအထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေးများအား အရှိန်အဟုန်တိုးမြင့်စွာ ဆောင်ရွက်နေသည့် အချိန်ဖြစ်သောကြောင့် မိဘပြည်သူများ အနေဖြင့် စစ်ရေးအထူး သတိ/သတိပြု သွားလာနေ ထိုင်ကြရန် တိုက်တွန်းထားသည်။
တိုင်းအတွင်း စစ်ကောင်စီတပ်မှ အချိန်မရွေး လေကြောင်းအသုံးပြုတိုက်ခိုက်မှုများရှိနိုင်သောကြောင့် မိဘပြည်သူ များအနေဖြင့် လေကြောင်းရန် ကာကွယ်ရေးနှင့်ပက်သက်သည့် သတင်းအချက် အလက်များကို လိုက်နာကျင့်ကြံကြပါရန် ဆက်လက်တိုက်တွန်းထားသည်။
တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လို သော စစ်ကောင်စီ မှ စစ်သည်တော်များ၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ရင်ခွင် ခိုလှုံ၍ အမြန်ဆုံး ပူးပေါင်းပေးကြပါရန် ဒူရက စစ်ကြောင်းက ဖိတ်ခေါ်ထားသည်။
Thanlwin Myanmar Media