သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၁
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က တိုက်ပွဲနှင့်သက်ဆိုင်ခြင်းမရှိ သည့် ကျောက်လှေကားကျေးရွာမှ ပြည်သူ့နေအိမ် ၇၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးဌာန ထံက သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၃၀ ရက် နံနက် ၇ နာရီခန့်က သရက်ချောင်းမြို့မှ အကြမ်းဖက်စစ်ကောင် စီတပ် တပ်ရင်း ၄၀၃ ၊ ၄၀၄ ၊ ၄၀၅ ပူးပေါင်းပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူး လေအုပ်ချုပ်နယ်မြေ၊ မြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒို(သရက်ချောင်း)မြို့နယ်၊ တောင်ပျောက်ကျေးရွာ အုပ်စုအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက်စစ်ကြောင်းကို စစ်တပ်စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် K.N.L.A တပ်မဟာ ၄ လက်အောက် ခံ၊ တပ်ရင်း ၁၂ နှင့်တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ် ဖွဲ့ များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ကြားဖြတ် တိုက်ခိုက်ခြင်းခံရမှုကြောင့် အကြမ်းဖက်စစ်ကြောင်းက တိုက်ပွဲနှင့် မသက်ဆိုင် သော ကျောက်လှေကားကျေးရွာရှိ ပြည်သူလူထုပိုင် နေအိမ် ၇၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကေ အဲန်ယူ-မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထား သည်။
Photo – အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ မီးရှို့ဖျက်ဆီးခဲ့သော ပြည်သူလူထု၏ နေအိမ်များ။
Thanlwin Myanmar Media