ပုလောမြို့နယ်၊ တောင်ယာကမ်းရွာဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သားများကို ဝင် ရောက်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ပုလောမြို့နယ်၊ တောင်ယာကမ်းရွာဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သားများကို ဝင် ရောက်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၂၉

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တောင်ယာကမ်းရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း KNLA တပ်မဟာ ၄ အထူးတပ်ဖွဲ့က ထုတ် ပြန်သည်။

စက်တင်ဘာလ ၂၆ ရက် နံနက် ၇ နာရီ ၂၀ မိနစ်က ပုလောမြို့နယ်၊ တောင်ယာကမ်းရွာ ဘုန်းကြီး ကျောင်း၌ တပ်စွဲ ထားသော အကြမ်းဖက်စစ်သားများကို တောလှန်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက် တိုက် ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ နာရီဝက်ခန့်ကြာမြင့်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးကာ ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်သားများသည် ပုလောမြို့နယ်၊ တစ်မိုင်တောင် စခန်းမှ စွန့်ခွာ ထွက်ပြေးသွား သော အကြမ်းဖက်စစ်သားများဖြစ်ပြီး KNLA အထူးတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းတိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်စစ်သားများသည် ကျေးရွာအတွင်း စခန်းနေစဉ် ပြည်သူများပိုင် ပစ္စည်းများအား ခိုးယူခြင်း၊ မွေးမြူ ထားသော တိရိစ္ဆာန်များအား ခိုးယူဖမ်းဆီး စားသောက်ခြင်းများ ပြုလုပ်နေ နေသ ဖြင့် သတိပေးလိုကြောင့် သော်လည်းကောင်း၊ အမှည့်ချွေ လုပ်ငန်းစဉ်အား ဆက်လက် လုပ်ဆောင် လိုခြင်းကြောင့် သော်လည်းကောင်း သွားရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း KNLA တပ်မဟာ – ၄ အထူးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်တပ် တပ်စွဲထားမှုကြောင့် ကျေးရွာနေ ပြည်သူ တစ်ထောင်နီးပါး ဘေးလွတ်ရာထွက် ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၅ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ ရာ စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ မှ ထံမှ သိရသည်။ ယနေ့ အောက်တိုဘာလ...