ထားဝယ်မြို့နယ်၊ ပကာရီရွာ၊ ယက္ကန်းစင်ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သာားများကို တိုက်ခိုက်မှု တပ်ကြပ်ကြီး ၂ ဦးအပါအဝင် စစ်သား ၇ ဦးသေဆုံး (ရုပ်သံ)

ထားဝယ်မြို့နယ်၊ ပကာရီရွာ၊ ယက္ကန်းစင်ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သာားများကို တိုက်ခိုက်မှု တပ်ကြပ်ကြီး ၂ ဦးအပါအဝင် စစ်သား ၇ ဦးသေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၂၈

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာ၊ ယက္ကန်းစင်ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီး ၂ ဦးအပါအဝင် စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် -DNLA က ထုတ်ပြန် သည်။

စက်တင်ဘာလ ၁၄ ရက် ညနေ ၃ နာရီဝန်းကျင်က ထားဝယ်မြို့နယ်၊ ထားဝယ် – ထီးခီးလမ်းပေါ်ရှိ ပကာရီကျေးရွာ ယက္ကန်းစင်ဘုန်းကြီးကျောင်း အတွင်း ယာယီတပ်စွဲနေသော စစ်ကောင်စီစစ် ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက  ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၂ နာရီခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးအဆင့်ရှိသူ ၂ ဦးအပါအဝင် စစ်သား ၇ ဦး သေဆုံးပြီး ဒုတိယဗိုလ်မှူးကြီးတစ်ဦးအပါ ၅ ဦး ဒဏ်ရာရရှိခဲ့ကာ စစ်ကြောင်းပျက်ပြီး ဖရိုဖရဲဖြင့် ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားရာနေရာအား နယ်မြေရှင်းလင်းစဉ်  အကြမ်းဖက်စစ်သားများ ကိုင်ဆောင် အသုံးပြု သော MA 1 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ 79 မမ ဗုံးသီး ၂ လုံး၊ ၆၀ မမ ဗုံးသီး ၂ လုံး နှင့် 5.56 ကျည် အတောင့် ၂၀၀ တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်း ၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် ၊ ဧဒင်မှူးပျောက်ကျားတပ်ဖွဲ့၊ က္လားသစ္ဆတ်(ကျားသစ်နက်)၊ ဘီလုံးပျောက်ကျားတပ်ဖွဲ့၊ Dawei Guerrilla Revolutionary Force (DGRF)၊ ထားဝယ်ခရိုင် တပ် ပေါင်းစု၊ ဒေါနတပ်ခွဲ (၇) ၊ထားဝယ်အရှေ့တောတပ်ဖွဲ့ (DEF) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ် ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေးများအား အရှိန်အဟုန် တိုးမြင့်စွာ ဆောင်ရွက်နေသည့် အချိန် ဖြစ်သောကြောင့် မိဘပြည်သူများ အနေဖြင့် စစ်ရေးအထူး သတိ/သတိပြု သွား လာနေထိုင်ကြရန်၊ တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်မှ အချိန်မရွေး လေကြောင်းအသုံးပြုတိုက်ခိုက်မှုများ ရှိနိုင် သောကြောင့် လေကြောင်းရန် ကာကွယ်ရေးနှင့် ပက်သက်သည့် သတင်းအချက် အလက်များကို လိုက်နာကျင့်ကြံနေထိုင်ပေးကြပါရန် တိုက်တွန်းထားသည်။

တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည် လို သော စစ်ကောင်စီမှ စစ်သည်တော်များ၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံး ခိုလှုံဝင်ရောက်ကာ ပူးပေါင်း ပေးကြပါရန် ဆက်လက်တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရွှေဘိုမြို့နယ်၊ တဂဏန်းရွာတိုက်ပွဲတွင် စစ်သား ၇ ဦးသေဆုံး၊ တပ်ကြပ်တစ်ဦးအပါအဝင် ၄ ဦး အရှင်မိ (ရုပ်သံ)

ရွှေဘိုမြို့နယ်၊ တဂဏန်းရွာတိုက်ပွဲတွင် စစ်သား ၇ ဦးသေဆုံး၊ တပ်ကြပ်တစ်ဦးအပါအဝင် ၄ ဦး အရှင်မိ (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၅ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တဂဏန်းရွာတိုက်ပွဲတွင် စစ်သား ၇ ဦးသေဆုံးပြီး တပ်ကြပ်တစ်ဦး အပါအဝင် ၇ ဦး အရှင်ဖမ်းမိခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းထံမှ သိရသည်။ အောက်တိုဘာလ ၂ ရက် နံနက် ၃ နာရီ ၃၀...