တနင်္သာရီမြို့နယ်၊ ရှမ်းအင်းတော်ကျေးရွာအနီး၌ တိုက်ပွဲဖြစ်ပြီး စစ်သား ၇ ဦးသေဆုံး

တနင်္သာရီမြို့နယ်၊ ရှမ်းအင်းတော်ကျေးရွာအနီး၌ တိုက်ပွဲဖြစ်ပြီး စစ်သား ၇ ဦးသေဆုံး

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၂၆

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ရှမ်းအင်းတော်ကျေးရွာအနီး၌ တိုက်ပွဲဖြစ်ပြီး စစ်သား ၇ ဦး သေဆုံးခဲ့ကြောင်း KNU – မြိတ်-ထားဝယ်ခရိုင် သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

စက်တင်ဘာလ ၂၅ ရက် နံနက် ၆ နာရီခန့်က ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ တနောသရီမြို့နယ်(တနင်္သာရီ)၊ ပဝပ်ကျေးရွာအုပ်စု၊ ရှမ်းအင်းတော်ကျေးရွာအနီး ဝန်းကျင်၌ အကြမ်းဖက်စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာ ရရှိခဲ့ ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို K.N.L.A ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ ၄ လက် အောက်ခံ၊ တပ်ရင်း ၁၁ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

‎‎Photo  – ရှေ့တန်းစစ်မြေပြင်တွင်တာဝန်ထမ်းဆောင်နေသော KNLA နှင့် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များ။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၅ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ ရာ စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ မှ ထံမှ သိရသည်။ ယနေ့ အောက်တိုဘာလ...