ထားဝယ်-ထီးခီးလမ်းပေါ်ရှိ ပကာရီကျေးရွာ၊ ယက္ကန်းစင်ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ် သားများကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးပြီး ဖရိုဖရဲဖြင့် ထွက်ပြေး

ထားဝယ်-ထီးခီးလမ်းပေါ်ရှိ ပကာရီကျေးရွာ၊ ယက္ကန်းစင်ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ် သားများကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးပြီး ဖရိုဖရဲဖြင့် ထွက်ပြေး

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ထားဝယ်-ထီးခီးလမ်းပေါ်ရှိ ပကာရီ ကျေးရွာ၊ ယက္ကန်းစင်ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ် သားများကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးပြီး ဖရိုဖရဲဖြင့် ထွက်ပြေးသွားကြောင်း ဒူရက စစ်ကြောင်းက ထုတ်ပြန်သည်။

စက်တင်ဘာလ ၁၄ ရက်နေ့၊ ညနေ ၃ နာရီဝန်းကျင်က ထားဝယ်မြို့နယ်၊ ထားဝယ် – ထီးခီးလမ်း ပေါ်ရှိ ပကာရီကျေးရွာ၊ ယက္ကန်းစင်ဘုန်းကြီးကျောင်း အတွင်း ယာယီတပ်စွဲနေသော စစ်ကောင်စီစစ် ကြောင်းအား ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၂ နာရီခန့်ကြာမြင့်ခဲ့ပြီး တပ်ကြပ်ကြီးအဆင့်ရှိသူ ၂ ဦးအပါအဝင် စစ်သား ၇ ဦး သေဆုံးခဲ့ကြောင်း၊ ထို့အပြင် ဒုဗိုလ်မှူးကြီး တစ်ဦးအပါအဝင် ၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် အကြမ်းဖက်စစ်တပ် စစ်ကြောင်းမှ ဖရိုဖရဲဖြင့် တပ်ဆုတ်ပြေးသွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာ နေရာအား နယ်မြေရှင်းလင်းစဉ် MA 1 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ 79 မမ ကျည် ၂ လုံး၊ ၆၀ မမ ကျည် ၂ လုံး နှင့်5.56 ကျည်အတောင့် ၂၀၀ တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်း ၊ ထားဝယ်ပြည်သူ့ လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF) ၊ဧဒင်မှူးပျောက်ကျားတပ်ဖွဲ့၊ က္လားသစ္ဆတ် (ကျား သစ်နက်) ၊ ဘီလုံးပျောက်ကျားတပ်ဖွဲ့၊ Dawei Guerrilla Revolutionary Force (DGRF)၊ ထားဝယ် ခရိုင်တပ်ပေါင်းစု၊ ဒေါနတပ်ခွဲ ၇ နှင့် ထားဝယ်အရှေ့တောတပ်ဖွဲ့ (DEF) တို့ ပူးပေါင်းကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်းသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေး အရှိန်အဟုန်တိုးမြင့်စွာ ဆောင်ရွက်နေသည့် အချိန်ဖြစ်သော ကြောင့် မိဘပြည်သူများ အနေဖြင့် စစ်ရေးအထူး သတိ ၊ သတိပြု သွားလာနေထိုင်ကြရန် တိုက်တွန်း ထားသည်။

တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်မှ အချိန်မရွေး လေကြောင်းအသုံးပြု တိုက်ခိုက်မှုများရှိနိုင် သောကြောင့် မိဘပြည်သူများအနေနှင့် လေကြောင်းရန် ကာကွယ်ရေးနှင့်ပက်သက်သည့် သတင်း အချက်အလက်များကို လိုက်နာကျင့်ကြံ ကြပါရန် ဆက်လက်တိုက်တွန်းထားသည်။

တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လို သော စစ်ကောင်စီမှ စစ်သည်တော်များ၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ပြည်သူ့ရင်ခွင် ခိုလှုံ၍ အ မြန်ဆုံး ပူးပေါင်းပေးကြပါရန် တော်လှန်ရေးတပ်ဖွဲ့များက ဖိတ်ခေါ်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မုံရွာမြို့ပေါ်တွင် ဆက်ကြေးကောက်နေသော ရဲများကိုတိုက်ခိုက်မှု အရာရှိ ၃ ဦးအပါအဝင် ၄ ဦး သေဆုံး၊ လက်နက် ၃ လက်သိမ်းဆည်းရရှိ

မုံရွာမြို့ပေါ်တွင် ဆက်ကြေးကောက်နေသော ရဲများကိုတိုက်ခိုက်မှု အရာရှိ ၃ ဦးအပါအဝင် ၄ ဦး သေဆုံး၊ လက်နက် ၃ လက်သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် ဆက်ကြေးကောက်နေသော ရဲများကို တိုက်ခိုက်ခဲ့ရာ အရာရှိ ၃ ဦး အပါအဝင် ၄ ဦးသေဆုံးပြီး လက်နက် ၃ လက်သိမ်းဆည်းရရှိခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေး အဖွဲ့ -ပလဖ က ထုတ်ပြန်သည်။ အောက်တိုဘာလ ၄ ရက်...