ရေဖြူမြို့နယ်၊ ပယကျေးရွာ၌ တပ်စွဲထားသော စစ်တပ် ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး (ရုပ်သံ)

ရေဖြူမြို့နယ်၊ ပယကျေးရွာ၌ တပ်စွဲထားသော စစ်တပ် ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၂၀

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ပယကျေးရွာ၌ တပ်စွဲထားသော စစ်တပ် ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ဒေါနတပ်ခွဲ ၆ (ဝေဟင်တပ် ဖွဲ့) ထံမှ သိရသည်။

စက်တင်ဘာလ ၁၈ ရက် နံနက် ၆ နာရီခန့်က ရေဖြူမြို့နယ် ၊ အုန်းပင်ကွင်းကျေးရွာအုပ်စု ၊ ပယ ကျေးရွာ၌ အင်အား ၆၀ ခန့်ဖြင့် တပ်စွဲထားသော အကြမ်းဖက် စစ်ကော်မရှင် ဂိတ်စခန်းကို တော် လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်သား ၃ ဦး သေဆုံးကာ ဒဏ်ရရှိသူများလည်း ရှိကြောင်း သိရသည်။

“အဲဒီဂိတ်စခန်းက ဇာဒီနဲ့ ကံပေါက်ဆက်သွယ်ထားတဲ့ လမ်းပေါ်မှာရှိတာပါ။ စကစဘက်က လက် နက် ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရတယ်။ စခထပ်တိုးသေဆုံးမှုရှိ၊ မရှိက တော့ စုံစမ်းဆဲပါ။ မိဘပြည်သူတွေအနေနဲ့ အစစအရာရာ ဂရိုစိုက်ပြီးနေထိုင်ပေးကြပါလို့ တိုက်တွန်း ချင်ပါတယ်” ဟု ဒေါနတပ်ခွဲ ၆ (ဝေဟင်တပ် ဖွဲ့) တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့အပြင် တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ ရဲဘော် ၁ ဦးနှင့် ပြည်သူ ၂ ဦး (မစိုးရိမ်ရ) ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပြီးနောက် ခလရ ၂၇၃ တပ်ရင်းမှ စစ်ကားလေးစီးဖြင့် အင်အား ထပ်မံ ဖြည့်တင်းထားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒေါနစစ်ကြောင်း – ၃ (KBDF) ၊ ဒေါနတပ်ခွဲ-၆ (ဝေဟင်တပ်ဖွဲ့) ၊ ဒေါနတပ်ခွဲ-၇ (LPF) ၊ ရာမညမွန်တပ်တော် (RMA)၊ ထားဝယ်ခရိုင်အမှတ် ၁ တပ်ရင်း-T1 ၊ ရေဖြူမြို့နယ် ပ.က.ဖ ၊ နဂါးနီပျောက်ကျားတပ်ဖွဲ့နှင့် ဗထူးတပ်မတော် (B.H.A) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရွှေဘိုမြို့နယ်၊ တဂဏန်းရွာတိုက်ပွဲတွင် စစ်သား ၇ ဦးသေဆုံး၊ တပ်ကြပ်တစ်ဦးအပါအဝင် ၄ ဦး အရှင်မိ (ရုပ်သံ)

ရွှေဘိုမြို့နယ်၊ တဂဏန်းရွာတိုက်ပွဲတွင် စစ်သား ၇ ဦးသေဆုံး၊ တပ်ကြပ်တစ်ဦးအပါအဝင် ၄ ဦး အရှင်မိ (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၅ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တဂဏန်းရွာတိုက်ပွဲတွင် စစ်သား ၇ ဦးသေဆုံးပြီး တပ်ကြပ်တစ်ဦး အပါအဝင် ၇ ဦး အရှင်ဖမ်းမိခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းထံမှ သိရသည်။ အောက်တိုဘာလ ၂ ရက် နံနက် ၃ နာရီ ၃၀...