သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၁၉
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ထိုင်း -မြန်မာနယ်စပ် မောတောင်ကုန်သွယ်ရေးလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၂ ဦးသေဆုံးကာ လက်နက် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
ယမန်နေ့ စက်တင်ဘာလ ၁၈ ရက် နံနက် ၈ နာရီခန့်က ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ တနောသရီမြို့နယ်(တနင်္သာရီ) ထိုင်း-မြန်မာ မောတောင်နယ်စပ်ကုန် သွယ်ရေး လမ်းရှိ သိန်းခွန်းကျေးရွာအနီးဝန်းကျင်၌ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
Photo- သိမ်းဆည်းရရှိသော အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ လက်နက်ခဲယမ်းများ။
ထို့အပြင် အာဏာသိမ်းအကြမ်းဖက်စစ်သားများကိုင်ဆေင်အသုံးပြုသော MA1- အမျိုးအစား သေ နတ် ၁ လက်၊ MA3 အမျိုးအစား သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်ဆံအတောင့် ၁၀၀ နှင့် ကျည်ဘောင် ၄ ခုတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက်စစ်သားများကို K.N.L.A ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ် မဟာ ၄ လက်အောက်ခံ၊ တပ်ရင်း ၁၁ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
Thanlwin Myanmar Media