တနင်္သာရီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် သိန်းခွန်းကျေးရွာအနီးဝင်ရောက်လာသော စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

တနင်္သာရီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် သိန်းခွန်းကျေးရွာအနီးဝင်ရောက်လာသော စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၁၄

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ထိုင်း – မြန်မာနယ်စပ် သိန်းခွန်းကျေးရွာအနီး ဝင်ရောက်လာ သော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး လက်နက် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်း ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

စက်တင်ဘာလ ၁၁ ရက်နေ့က ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ် နယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်၊ တနောသရီမြို့နယ် (တနင်္သာရီ) ထိုင်း-မြန်မာ မောတောင်နယ်စပ် ကုန်သွယ်ရေးလမ်းရှိ သိန်းခွန်း‌ကျေးရွာအနီးဝန်းကျင်သို့ ဝင်ရောက်လာသော အာဏာသိမ်း အကြမ်း ဖက်စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်း ထိ ခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- K.N.L.A ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ သိမ်းဆည်းရရှိသော အာဏာသိမ်း အကြမ်းဖက်စစ်တပ်၏လက်နက်ခဲယမ်းများ။

 

ထို့အပြင် အာဏာသိမ်းအကြမ်းဖက်စစ်သားများထံမှ MA1 အမျိုးအစားသေနတ် ၂ လက်၊ MA3 အမျိုးအစား သေတ် ၁ လက်၊ လက်ပစ်ဗုံး ၂ လုံး ၊ ကျည်ဆံ ၆၅၉ တောင့် ၊ ခွဲဗုံး ၂ လုံးနှင့် ကျည် ဘောက်၂၁ ခု သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို K.N.L.A ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ ၄ လက် အောက်ခံ၊ တပ်ရင်း ၁၁ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နတ်တလင်းမြို့နယ်၊ ပန်းတင်းပင်ကျေးရွာ ပျူစောဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု ပျူစောထီးများ ထွက်ပြေးသွားပြီး ကျည်ဘောက်၊ ကျည်ဆံနှင့် ဖုန်း ၂ လုံးသိမ်းဆည်းရရှိ

နတ်တလင်းမြို့နယ်၊ ပန်းတင်းပင်ကျေးရွာ ပျူစောဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု ပျူစောထီးများ ထွက်ပြေးသွားပြီး ကျည်ဘောက်၊ ကျည်ဆံနှင့် ဖုန်း ၂ လုံးသိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၃ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ပန်းတင်းပင်ကျေးရွာ ပျူစောထီးဂိတ်ကို ဝင်‌ ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီးများ ထွက်ပြေးသွားပြီး ကျည်ဆံ၊ ကျည်ဘောက်နှင့်ဖုန်း ၂ လုံး သိမ်း ဆည်းရရှိခဲ့ကြောင်း သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်းက ထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာလ...