တနင်္သာရီမြို့နယ် စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာတစ်စီး ပစ်ခတ်ခံရပြီး ထိမှန်ကာ မြိတ်မြို့သို့ လှည်ပြန် (ရုပ်သံ)

တနင်္သာရီမြို့နယ် စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာတစ်စီး ပစ်ခတ်ခံရပြီး ထိမှန်ကာ မြိတ်မြို့သို့ လှည်ပြန် (ရုပ်သံ)

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၁၃

 

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန်းခွန်းကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီ၏ ဂျက်ဖိုက် တာတစ်စီးကို ပစ်ချခဲ့ရာ ထိမှန်မှုရှိခဲ့ကြောင်း ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေး နှင့် သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

 

ယမန်နေ့ စက်တင်ဘာလ ၁၂ ရက်နေ့က တနင်္သာရီမြို့နယ်၊ မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်း ပေါ်ရှိ သိန်းခွန်းကျေးရွာအနီးသို့ ဗုံးကျဲရန် လာရောက်သည့် အကြမ်းဖက်စစ်ကောင်စီ၏ ဂျက်ဖိုက် တာတစ်စီးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ထိမှန်မှုရှိခဲ့ပြီး မြိတ်မြို့ဘက်သို့ ပြန်လှည့်သွားကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၄ လက် အောက်ခံ တပ်ရင်း ၁၁ နှင့် တော်လှန်ရေးပူး‌ပေါင်းတပ်များက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- အာဏာသိမ်းအကြမ်းဖက်တပ်၏အသုံးပြုသည့် လေယာဉ်အမျိုးအစား

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရန်ကုန်မြို့ကိုသွားရင်းပေါ်တာဆွဲခံရသည့် စစ်မှုထမ်းတပ်သား ၁ ဦးလက်နက် ၂ လက်နှင့်အတူ အလင်းဝင်(ရုပ်သံ)

ရန်ကုန်မြို့ကိုသွားရင်းပေါ်တာဆွဲခံရသည့် စစ်မှုထမ်းတပ်သား ၁ ဦးလက်နက် ၂ လက်နှင့်အတူ အလင်းဝင်(ရုပ်သံ)

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၃ မကွေးတိုင်း၊ ချောက်မြို့မှ ရန်ကုန်သို့သွားရင်း ပေါ်တာဆွဲခံရသူ စစ်မှုထမ်းတပ်သား ၁ ဦး လက်နက် ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန် သည်။ ဩဂုတ်လ ၂ ရက်နေ့က ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ရှေ့တန်းတနေရာသို့ ရောက်ရှိနေသော အကြမ်းဖက်...