သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာနှင့်သင်းကျွန်းရွာရှိ ပြည်သူ့နေအိမ်များအား မီးရှို့ဖျက်ဆီးသော စစ်သားများကို တိုက်ခိုက်မှု အရာခံဗိုလ်တစ်ဦးအပါအဝင် ၅ ဦးသေဆုံး (ရုပ်သံ)

သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာနှင့်သင်းကျွန်းရွာရှိ ပြည်သူ့နေအိမ်များအား မီးရှို့ဖျက်ဆီးသော စစ်သားများကို တိုက်ခိုက်မှု အရာခံဗိုလ်တစ်ဦးအပါအဝင် ၅ ဦးသေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၁၃

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာနှင့် သင်းကျွန်းရွာရှိ ပြည်သူ့နေ အိမ် များအား မီး ရှို့ဖျက်ဆီးသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့ရာ အရာခံ ဗိုလ်တစ်ဦးအပါ အဝင် စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ဒေါင်းညီနောင်စစ်ကြောင်းက ထုတ်ပြန် သည်။

စက်တင်ဘာလ ၇ ရက် ညနေ ၄ နာရီ ၂၀ မိနစ်ခန့်က သရက်ချောင်းမြို့နယ် ရန်တောင်ရွာနှင့် သင်း ကျွန်းရွာရှိ ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီူခဲ့သော အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၀၅ တပ်ရင်းမှုး စိုင်းဝနဌေး နှင့် တပည့်ဖြစ်သူ ဗိုလ်တစ်ဦးအပါအဝင် တပ်သား ၂ ဦးတို့သည် ဟွန်ဒါဖစ် ကားဖြစ် သရက်ချောင်းဖက်သို့ ဆင်းလာစဥ်တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာခံဗိုလ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထိုနောက် စက်တင်ဘာလ ၇ ရက် ညနေ ၄ နာရီ ၂၅ မိနစ်ခန့်တွင် ပြည်သူ့နေအိမ်များကို မီးရှို့ပြီး သရက်နှစ်ခွရွာဖက်သို့ ခြေလျင်ဆင်းလာသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ခြေပြတ်လက်ပြတ် တစ်ဦးအပါအဝင် ၂ ဦး ဒဏ်ရာရရျိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒေါင်းညီနောင်စစ်ကြောင်းတပ်ခွဲ ၁ နှင့် KNLA တပ်ရင်း ၁၂ တပ်ခွဲ ၁ တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် ခွာစစ်ဆင်ခဲ့ကြောင်း ဒေါင်းညီ နောင် စစ်ကြောင်းက ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အမှတ် ၈ ပြည်ထောင်စုလမ်းမပေါ် မြိတ်-ထားဝယ်လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် မှု စစ်သား ၄ ဦး သေဆုံး၊ စစ်တပ်ပြည်သူများကို ဖမ်းဆီးနေအိမ်များကို မီးရှို့ဖျက်ဆီး (ရုပ်သံ)

အမှတ် ၈ ပြည်ထောင်စုလမ်းမပေါ် မြိတ်-ထားဝယ်လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် မှု စစ်သား ၄ ဦး သေဆုံး၊ စစ်တပ်ပြည်သူများကို ဖမ်းဆီးနေအိမ်များကို မီးရှို့ဖျက်ဆီး (ရုပ်သံ)

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၂ တနင်္သာရီတိုင်း၊ အမှတ် ၈ ပြည်ထောင်စုလမ်းမပေါ် မြိတ် -ထားဝယ်လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင် တပ်ပေါင်းစုက ထုတ်ပြန်သည်။ စက်တင်ဘလ ၇ ရက် နံနက် ၈ နာရီခန့်က အမှတ် ၈...