ကျွန်းစုမြို့နယ်၊ မိုင်းတွေးကျေးရွာအနီးတိုက်ပွဲတွင် စစ်သား၊ ပျူ ၂ ဦးသေဆုံး (ရုပ်သံ)

ကျွန်းစုမြို့နယ်၊ မိုင်းတွေးကျေးရွာအနီးတိုက်ပွဲတွင် စစ်သား၊ ပျူ ၂ ဦးသေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၁၂

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ မိုင်းတွေးကျေးရွာအနီး တိုက်ပွဲတွင် စစ်သား၊ ပျူ ၂ ဦး သေဆုံးခဲ့ ကြောင်း ကျွန်းစု မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

စက်တင်ဘာလ ၉ ရက် မွန်းတည့် ၁၂ နာရီ ၂၀ မိနစ်က ကျွန်းစုမြို့နယ် အတွင်း၌ အကြမ်းဖက် စစ် ကော်မရှင်မှ ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဆောင်ရွက်နေခြင်း ရှိ၊ မရှိ နယ်မြေရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်နေစဉ် မိုင်းတွေးကျေးရွာဘက်မှ တက်လာသော 116 စစ်သင်္ဘော တစ်စီး၊ မိုင်းတွေး ကျေးရွာမှ ပျူစောထီး အင်အား ၂၀ ကျော်ပါ ပါစင်ဂျာလှေ တို့နှင့် ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့-ပကဖ အဖွဲ့တို့အကြား မိုင်းတွေး ရွာအနီး၌ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ မိနစ် ၂၀ ခန့်ဖြစ်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား၊ ပျူ ၂ ဦးသေဆုံးပြီး ၅ ဦး ခန့် အပြင်းအထန် ဒဏ်ရာရရှိ ကာ ဝရုန်းသုန်းကားဖြင့် ဆုတ်ပြေးသွားပြီး 116 စစ်သင်္ဘောသည်လည်း ခေါင်မိုးပိုင်း၌ ကျည်ဆံ ထိ မှန် ပျက်စီးကာ တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ် သား ၇ ဦးသေဆုံး၊ စစ်သားနှင့် အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် ၇ ဦး အရှင်မိ (ရုပ်သံ)

ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ် သား ၇ ဦးသေဆုံး၊ စစ်သားနှင့် အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် ၇ ဦး အရှင်မိ (ရုပ်သံ)

သံလွင်မြန်သတင်း စက်တင်ဘာလ ၁၁ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး‌ သေဆုံးပြီး စစ်သားနှင့် အိန္ဒိယနိုင်ငံသား ကသည်း သူပုန်အပါအဝင် ၇ ဦး ဖမ်းဆီးရရှိ ခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက...