ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်ရှိတည်းခိုခန်းတစ်ခုတွင် CDM ကျောင်း ဆရာတစ်ဦး သတ်ဖြတ်ခံရ

ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်ရှိတည်းခိုခန်းတစ်ခုတွင် CDM ကျောင်း ဆရာတစ်ဦး သတ်ဖြတ်ခံရ

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၃

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ရွှေဇင်ယော်ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုတွင် အသက် ၄၀ အရွယ် CDM ကျောင်းဆရာတစ်ဦး သတ်ဖြတ်ခံလိုက်ရကြောင်း ဒေသနေပြည်သူများထံက သိရ သည်။

စက်တင်ဘာလ ၁ ရက်ညပိုင်းက ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုတွင် မိတ်ဆွေသူငယ်ချင်း ၂ နှစ်ဦးနှင့်အတူ လာရောက်တည်းခိုနေထိုင်သော CDM ကျောင်းဆရာ ဦး အောင်ဇော်ထွန်းကို ၎င်း၏မိတ်ဆွေနှစ်ဦးဖြစ်သူ ၂ ဦးက သတ်ဖြတ်ကာ ၎င်းဝတ်ဆင်ထားသော ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများကို ယူဆောင်ထွက်ပြေးသွားကြောင်း သိရသည်။

“ဖြစ်တာက ညပိုင်းဖြစ်တာ၊ သိတာကတော့ မနက်မှသိတာ။ လူနှစ်ယောက်က မျက်နှာပိတ်ပြီး ဝင်လာတာ CCTV မှတ်တမ်းမှာတွေ့ရတယ်၊ သူ့အသိတစ်ယောက်ကို သူ့မိတ်ဆွေ ဘယ်သူ၊ ဘယ် ဝါနဲ့သွားတွေ့မှာ ဆိုပြီး ပြောထားခဲ့ဖူးတယ်။ အဲဒါကြောင့် ဖမ်းမိတာ၊ ဖမ်းမိတဲ့သူတွေဆီက ဘဏ် ကဒ်တို့၊ ငွေနဲ့ရွှေတွေ သိမ်းဆည်းရရှိခဲ့တယ်” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

သေဆုံးသွားသော CDM ကျောင်းဆရာ ဦးအောင်ဇော်ထွန်းသည် လောင်းလုံးမြို့နယ်၊ လေးသွန်းခံ အုပ်စု ဇာတိဖြစ်ပြီး လွန်ခဲ့သော ၁၀ နှစ်ကျော်ကတည်းက ကော့သောင်းမြို့နယ်၊ အေးချမ်းသာကျေး ရွာ၌ အလယ်တန်းပြကျောင်းဆရာအဖြစ် လုပ်ကိုင်ခဲ့ကြောင်း၊ ထို့နောက် ထားဝယ်မြို့ အထက ၃ တွင် ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေစဉ် အကြမ်းဖက်စစ်တပ်က အာဏာသိမ်းသဖြင့် CDM လှုပ် ရှားမှုကိုပါဝင်ခဲ့သူဖြစ်ကြောင်း သိရသည်။

ဆရာ ဦးအောင်ဇော်ထွန်းသည် Civil Disobedience Movement (CDM) တွင် ပါဝင်ခဲ့ပြီး မည်မျှပင် ခက်ခဲပါစေ၊ အမှန်တရားဘက်မှ အဆုံးထိ ရပ်တည်သွားမည်ဟု ခံယူထားသူဖြစ်ကြောင်း၊ အပြော နှင့် အလုပ် တစ်ထပ်တည်းကျအောင် သက်သေပြသွားခဲ့သော ဆရာ၏ စစ်မှန်သော စိတ်ဓာတ်အား အသိအမှတ်ပြု လေးစားလျက် ဆရာ ကောင်းမွန်ရာ၌ အေးချမ်းပါစေကြောင်း ဆု တောင်း ဆန္ဒပြုလိုက် ရပါသည်ဟု ထားဝယ်မြို့နယ် ပညာရေးဘုတ်အဖွဲ့က ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ရွှေဘိုမြို့နယ်၊ ကန်ကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မဘုရားကျောင်းမှ ကက်သလစ်ဘုန်း တော်ကြီး ဖာသာဒေါ်နယ်မာတင်ကို သတ်ဖြတ်သူများအား NUG စစ်ခုံရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ်အနှစ် ၂၀ ချမှတ်   သံလွင်မြန်မာသတင်း ဇူလိုင်လ ၁၆   စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကန်ကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မဘုရားကျောင်းမှ ကက် သလစ် ဘုန်း တော်ကြီး...