ထားဝယ်မြို့မှ တက်လာသော စစ်သား ၄ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်မိ

ထားဝယ်မြို့မှ တက်လာသော စစ်သား ၄ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်မိ

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၃

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှ တက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သား ၄ ဦးကို လက်နက် ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း KNU – မြိတ်-ထားဝယ်ခရိုင်သတင်းနှင့်ပြန်ကြားရေးဌာန က ထုတ်ပြန်သည်။

ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၇ နာရီ ၃၀ မိနစ်က ထားဝယ်မြို့မှ တက်လာသော အကြမ်း ဖက်စစ်ကောင်စီ၏ ခလရ ၂၈၂ တပ်ရင်းမှ တပ်သား ၄ ဦးကို K.N.L.A ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်၊ တပ်မဟာ ၄ ၊ တပ်ရင်း ၁၂ ၊ တပ်ခွဲ ၄ မှ ရဲဘော်များက ဝကုန်းကျေးရွာအနီးတွင် ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

Photo – ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများနှင့် သိမ်းဆည်းရရှိသောလက်နက်ခဲယမ်းများ။

ထိုသို့ ဖမ်းဆီးရရှိသည့် စစ်ကောင်စီတပ်သား ၄ ဦး နှင့်အတူ MA1 အမျိုးအစား သေနတ် ၄ လက် ၊ ကျည်ဆံ ၁၀၃၀ တောင့်၊ ကျည်‌ဘောင် ၁၆ ခုကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရရှိသည့် စစ်ကောင်စီတပ်သားများကို K.N.L.Aကရင်အမျိုးသားလွတ်မြောက်ရေး တပ်မ‌တော်၏ စည်းမျဉ်းစည်းကမ်း၊ စစ်မြေပြင် စည်းမျဉ်းစည်းကမ်းနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းပြုစုစောင့်ရှောက်ထားကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မင်းတုန်းမြို့အဝင်လမ်းပေါ်တွင် ခရီးသွားပြည်သူကားများကို ဆက်ကြေးကောက်နေသော ရဲ ၂ ဦး ကို ပစ်ခတ်တိုက်ခိုက်မှု ရဲ ၂ ဦးစလုံးသေဆုံးပြီး သေနတ် ၂ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

မင်းတုန်းမြို့အဝင်လမ်းပေါ်တွင် ခရီးသွားပြည်သူကားများကို ဆက်ကြေးကောက်နေသော ရဲ ၂ ဦး ကို ပစ်ခတ်တိုက်ခိုက်မှု ရဲ ၂ ဦးစလုံးသေဆုံးပြီး သေနတ် ၂ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၆ မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့အဝင်လမ်းမပေါ်တွင် ခရီးသွားပြည်သူကားများကို ဆက်ကြေး ကောက်နေသော ရဲ ၂ ဦးအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦးစလုံးသေဆုံးသွားပြီး သေနတ် ၂ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သရက်ခရိုင်အမှတ် ၄ တပ်ရင်းက ထုတ်ပြန်သည်။ ယနေ့အောက်တိုဘာလ...