ရေဖြူမြို့နယ်၊ ထားဝယ် – ရန်ကုန်လမ်းမပေါ် မလွဲတောင်နှင့် ခလယ်ရောင်းကြားတွင် တိုက်ပွဲပြင်း ထန်နေပြီး ခရီးသည်တင်ကားများ ပိတ်မိနေ၊ ပြည်သူ ၄ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

ရေဖြူမြို့နယ်၊ ထားဝယ် – ရန်ကုန်လမ်းမပေါ် မလွဲတောင်နှင့် ခလယ်ရောင်းကြားတွင် တိုက်ပွဲပြင်း ထန်နေပြီး ခရီးသည်တင်ကားများ ပိတ်မိနေ၊ ပြည်သူ ၄ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၂၈

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ထားဝယ် – ရန်ကုန်ကားလမ်းမပေါ် မလွဲတောင်နှင့် ခလယ်ရောင်ကြားတွင် တိုက်ပွဲပြင်းထန်နေပြီး ခရီးသည်တင်ကားများ ပိတ်နေကာ ပြည်သူ ၄ ဦးကို လည်း စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ထားကြောင်း ကြယ်လင်းရောင် (ဆာကပေါ) တပ်ရင်း ၊ KTLA ပြန်ကြားရေးဌာနထံက သိရသည်။

ဩဂုတ်လ ၂၅ ရက်နေ့ နံနက် ၉ နာရီ ဝန်းကျင်၌လည်း ရေဖြူမြို့နယ် ၊ ထားဝယ် – ရန်ကုန် လမ်းမ ပေါ် (အမှတ် ၈ ပြည်ထောင်စုလမ်း‌) ‌ဘေးရှိ သာယာမွန်ကျေးရွာသို့ စစ်ကြောင်းထိုးလာသောအကြမ်း ဖက်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ယနေ့ ဩ ဂုတ်လ ၂၈ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

“ဩဂုတ်လ ၂၇ ရက်နေ့ကနေစပြီးတော့ ထားဝယ်ကနေ ရန်ကုန်ကိုသွားတဲ့ ကားလမ်းမပေါ် ခလယ် ရောင်နဲ့ မလွဲတောင်ကြားမှာ လမ်းတွေပိတ်ထားတယ်။ အတက်ရော၊ အဆင်းရော ပိတ်ထား တာ။ တိုက်ပွဲတွေကလည်း နေ့တိုင်းပြင်းထန်နေတယ်၊ စုစုပေါင်း ၂ ပတ်နီးပါးရှိပြီ။ ရက်ဆက်ဖြစ်နေတာ။ အဓိကပြောချင်တာကတော့ ထားဝယ် -ရန်ကုန်ကားလမ်းပိုင်း၊ မလွဲတောင်နဲ့ ခလယ်ရောင်ကြားထဲ မှာရှိတဲ့ ကားလမ်းပိုင်းကို ဖြစ်နိုင်ရင် ပြည်သူတွေအနေနဲ့ လုံးဝအသုံးမပြုပါနဲ့လို့၊ စစ်ရေးအခြေအနေ အရပေါ့၊ သတင်းစောင့်ပြီးနားထောင်ပေးကြပါလို့ မေတ္တာရပ်ခံချင်တယ်။ ဘာလို့ဆိုရင် တစ်ခုခုမှား ယွင်းပြီးတော့ ဖြစ်သွားလို့ရှိရင် ပြည်သူတွေတစ်စုံတစ်ခုထိခိုက်သွားရင် မကောင်းလို့ပါ၊” ဟု ကြယ် လင်းရောင် (ဆာကပေါ) တပ်ရင်း ၊ KTLA ပြန်ကြားရေး တာဝန်ခံ ရဲဘော် ကိုချမ်းက ပြောကြား သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများက သာယာမွန်ကျေးရွာနှင့် မိုင် ၆၀ နားတို့တွင် ပြည်သူ ၄ ဦး ကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး သာယာမွန်ကျေးရွာနေပြည်သူများကို ဖမ်းဆီးကာ နေအိမ်များအတွင်းမှ ပစ္စည်းများကို ဖောက်ထွင်းခိုးယူဖျက်ဆီးခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကြောင့် ကျေး ရွာ ၁၀ ဝန်းကျင်မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“စစ်ရှောင်နေရတဲ့ရွာတွေ လည်းတော်တော်များတယ်။ စုစုပေါင်း ၁၀ ရွာဝန်းကျင်ရှိတယ်။ အခုလည်း လေယာဉ်ပျံလာနေတာ၊ ပြီးတော့ စစ်ကောင်စီကလည်း သာယာမွန်ကျေးရွာမှာရှိတဲ့လူတွေကို ဖမ်း ထားတယ်၊ မနေ့ညက ဖမ်းထားတယ်။ ဖမ်းပြီးတော့ ပြည်သူတွေကို နှိပ်စက်တယ်။ ဟိုတနေ့က လည်း စစ်ကောင်စီက သာယာမွန်နဲ့ မိုင် ၆၀ နားက ရွာမှာရှိတဲ့ ပြည်သူ ၄ ဦးကို ပစ်သတ်သွားတယ်။ ပြီးတော့ သာယာမွန်တို့၊ မိုင် ၆၀ တို့မှာ ရှိတဲ့ ပြည်သူတွေရဲ့ အိမ်တွေထဲက ပစ္စည်းတွေကိုလည်း ယူ သွားတယ်၊ ယူသွားပြီးတဲ့အပြင် ပစ္စည်းတွေကိုလည်း ရိုက်ချိုးပြီး အလုံးကို ဖျက်ဆီးသွားသေးတယ်။” ဟု ကြယ်လင်းရောင် (ဆာကပေါ) တပ်ရင်း ၊ KTLA ပြန်ကြားရေး တာဝန်ခံ ရဲဘော် ကိုချမ်းက ပြော ကြားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ကလည်း လေကြောင်းဖြင့် တောက်လျှောက်ကင်းထောက်ကာ ဗုံးကျဲ တိုက်ခိုက်လျက်ရှိပြီး မလွဲတောင်ဘက်ခြမ်းနှင့်ခလယ်ယောင်ဘက်ခြမ်းတို့တွင် ပိတ်မိနေသည့် ခရီး သွားကားများနှင့်အတူ ခရီးသွားပြည်သူများမှာ စစ်ရေးအခြေအနေ အရ နောက်ထပ် တစ်ပတ်ခန့် ကြာသည် အထိ ပိတ်မိနေနိုင်ကြောင်း သိရသည်။

“စစ်ရေးအခြေအနေမအေးသရွေ့ကတော့ အဲဒီလမ်းက ပိတ်ထား ရမယ့်အနေအထားရှိတယ်။ ခန့်မှန်း ခြေကတော့ နောက်ထပ်တစ်ပတ်လောက်ကြာအုံးမယ်။ မလွဲတောင်ဘက်အခြမ်းနဲ့ ခလယ်ယောင် ဘက်အခြမ်းနားမှာ ကားတွေအများကြီး အတက်ရော၊ အဆင်းရော သွားမရပဲနဲ့ ပိတ်မိနေတုန်းပဲ၊ ခရီး သည်တွေလည်း အများကြီးရှိတယ်။ အခုလက်ရှိအချိန် အထိလေယာဉ်ပျံ ပျံတာ ၂ ကြိမ်ရှိပြီ။ လေ ယာဉ်က အသံပဲကြားရတယ်။ မမြင်ရဘူး။ တိမ်တောထဲ ဝင်သွားတာလား၊ ဘာဖြစ်လို့လည်း မသိ ဘူး။” ဟု ကြယ်လင်းရောင် (ဆာကပေါ) တပ်ရင်း ၊ KTLA ပြန်ကြားရေး တာဝန်ခံ ရဲဘော် ကိုချမ်းက ပြောဆိုသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်အတွင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၂ ဦး ထပ်မံသေဆုံး၊ စုစုပေါင်း သေဆုံးသူ ၁၄ ဦးအထိရှိလာ၊ မင်းပြား၊ပေါက်တောနှင့် ပုဏ္ဏား ကျွန်းမြို့နယ်တို့ကို စစ်ကောင်စီတပ်ကလေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်

မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်အတွင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၂ ဦး ထပ်မံသေဆုံး၊ စုစုပေါင်း သေဆုံးသူ ၁၄ ဦးအထိရှိလာ၊ မင်းပြား၊ပေါက်တောနှင့် ပုဏ္ဏား ကျွန်းမြို့နယ်တို့ကို စစ်ကောင်စီတပ်ကလေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၈ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုအတွင်း ပြည်သူ ၂ ဦးထပ်မံသေဆုံးပြီး စုစုပေါင်းသေဆုံးသူ ၁၄ ဦး အထိရှိလာပြီဖြစ် ကြောင်း အာရက္ခတပ်တော် -AA က ထုတ်ပြန်သည်။ ဩဂုတ်လ ၂၅ ရက်...