Tanintharyi News

Tanintharyi News

တနင်္သာရီမြို့နယ်၊ လယ်တောင်ကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံး

 

D Day News

စက်တင်ဘာလ ၅

 

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ လယ်တောင်ကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသနေပြည်သူများ ထံမှ သိရသည်။

 

စက်တင်ဘာလ ၃ ရက် ည ၈ နာရီခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ တနင်္သာရီမြို့၊ ဝပ်ဆင်တောင်( ဘုရားတောင်) ၌တပ်စွဲထားသော အကြမ်းဖက်စစ်သားများက လက်နက်ကြီးဖြင့် ၄ လုံးခန့်ပစ်ခတ်ခဲ့ ရာ လယ်တောင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ မြိတ်မြို့ဆေးရုံသို့ တင်ပို့ကုသစဉ်သေဆုံးသွားကြောင်း၊ နေအိမ်များလည်း ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။

 

“သေတာကတော့ ဒေါ်ပိန်တစ်ယောက်ပဲ၊ နေအိမ်ထိခိုက်ပျက်စီးမှုတွေလည်းရှိတယ်။ တိုက်ပွဲမဖြစ်ပဲ နဲ့ ရမ်းပစ်နေတာ၊ တစ်ခါပစ်ရင် ၃ လုံး၊ ၄ လုံးလောက်ပစ်တယ်။ နှစ်ရက် သုံးရက်ခြား ပစ်နေတာ။ အဓိကပစ်တာက ပြည်ထောင်စုလမ်းဘက်ကို ပစ်တာ။ နေအိမ်တွေနားကျတာတွေလည်းရှိတယ်။ နေအိမ်ပျက်စီးမှုကတော့ အများကြီးတော့မရှိဘူး၊ လယ်တဲတစ်လုံးတော့ ပျက်စီးတယ်။” ဟု ဒေသ နေပြည်သူတစ်ဦးက ပြောကြားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

အကြမ်းဖက်စစ်အုပ်စု၏ ညှင်းပန်းနှိပ်စက်မှုကြောင့် ကင်ဆာရောဂါရရှိပြီး ဆေးဝါးလုံလောက်စွာ ကုသမှုမပေးသဖြင့် မန္တလေးမြို့၊ ရတနာပုဂံတိုက် ဆရာတော် ဦးပသံသိယ ပျံလွန်တော်မူ   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၇   မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်အတွင်း၌ အကြမ်းဖက်စစ်အုပ်စု၏ ညှင်းပန်းနှိပ်စက်မှုကြောင့် ကင်ဆာရောဂါရရှိပြီး ဆေးဝါးကုသမှု လုံလောက်စွာ မရရှိသဖြင့် ရတနာပုဂံတိုက် ဆရာတော်...