ရေဖြူမြို့နယ်တွင် တစ်ပတ်ကြာ တိုက်ပွဲဖြစ်ပြီး စစ်သား ၃၆ ဦးထက်မနည်းသေဆုံး၊ ခမရ ၄၀၉ မှ ဗိုလ်မှူးတစ်ဦးအပါအဝင်အများအပြား ဒဏ်ရာရ

ရေဖြူမြို့နယ်တွင် တစ်ပတ်ကြာ တိုက်ပွဲဖြစ်ပြီး စစ်သား ၃၆ ဦးထက်မနည်းသေဆုံး၊ ခမရ ၄၀၉ မှ ဗိုလ်မှူးတစ်ဦးအပါအဝင်အများအပြား ဒဏ်ရာရ

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၂၈

တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ရေဖြူမြို့နယ်တွင် တစ်ပတ်ကြာတိုက်ပွဲဖြစ်ပြီး စစ်သား ၃၆ ဦးထက် မနည်းသေဆုံးကာ ခမရ ၄၀၉ မှ ဗိုလ်မှူးတစ်ဦးအပါအဝင် အများအပြားဒဏ်ရာရရှိခဲ့ကြောင်း MSRF တပ်ဖွဲ့က  ထုတ်ပြန်သည်။

ဩဂုတ်လ ၁၉ ရက်နေ့ ညနေ ၆  နာရီခန့်က ရေဖြူမြို့အခြေစိုက် ခလရ- ၂၈၂ တပ်ရင်းမှ လက် နက်ကြီး ပစ်ကူပေး၍ စစ်ကြောင်းထိုးဝင်ရောက်လာသော အင်အား ၁၅၀ ခန့်ပါ စစ်ကောင်စီ စစ် ကြောင်းကို ကော့လှိုင်ကျေးရွာနှင့် မရမ်းချောင်းကျေးရွာအကြားတွင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၂ နာရီခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။

အလားတူ ဩဂုတ်လ ၂၀ ရက် ညနေ ၃ နာရီ ၄၂ မိနစ်က ရေဖြူမြို့နယ် ၊ကော့လှိုင်ကျေးရွာနှင့် မရမ်း ချောင်းကျေးရွာ အနီးသို့ စစ်‌ကြောင်းထိုးလာ‌သော ခလရ ၂၈၂ မှအင်အား ၈၀‌ ကျော်ပါ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်‌ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ များ တိုက်ခိုက်ခဲ့ရာ ညနေ ၅ နာ ရီ ကျော်တွင် အကြမ်းဖက်စစ်သားများ အထိနာပြီး ပြန်ဆုတ်သွားကြောင်း သိရသည်။

ဩဂုတ်လ ၂၂ ရက်နေ့ ညနေ ၄ နာရီတွင် ရေဖြူမြို့နယ် ၊ မရမ်း‌ချောင်းကျေးရွာ အနီးသို့ ထပ်မံစစ် ကြောင်းထိုးလာသော  အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တော်လှန်‌ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ များက ထပ်မံတိုက်ခိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ဩဂုတ်လ ၂၃ ရက် မွန်းတည့် ၁၂ နာရီ ၃၀ မိနစ် တွင် အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်း တပ်စွဲထားသော မရမ်းချောင်းဘုန်းကြီးကျောင်း အတွင်း သို့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက် ပွဲ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဩဂုတ်လ ၂၄ ရက်နေ့ တွင် မရမ်းချောင်းကျေးရွာမှ မိုင် ၆၀ ကျေးရွာသို့ ထပ်မံစစ်ကြောင်း ထိုးလာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တို့တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက နံနက် ၁၀ နာရီတွင် တစ်ကြိမ်၊ နံနက် ၁၁ နာရီတွင် တစ်ကြိမ်၊ ညနေ ၄ နာရီ ၃၀ မိနစ်တွင် တစ်ကြိမ်၊ ညနေ ၅ နာရီ ၃၀ မိနစ်တွင် တစ်ကြိမ် စုစုပေါင်း ၄ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၂၅ ရက်နေ့ နံနက် ၉ နာရီ ဝန်းကျင်၌လည်း ရေဖြူမြို့နယ် အမှတ် ၈ ပြည်ထောင်စုလမ်း‌‌မ ဘေးရှိ သာယာမွန်ကျေးရွာသို့ စစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော် လှန်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ က တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပြီး ညီ နောင်တပ်ဖွဲ့မှ ဒရုန်းအဖွဲ့ကလည်း ဒရုန်းဖြင့် ဗုံးကျဲကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ၃၆ ဦးထက်မနည်း သေဆုံးကာ ခမရ ၄၀၉ မှ ဗိုလ်မှူးတစ်ဦး အပါအဝင်အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့များတွင် ညီနောင်တပ်ဖွဲ့ဖြစ် သည့် မွန်ပြည်တော်လှန်ရေးတပ် (MSRF)နှင့် အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် နည်းဗျူဟာ ၃၃ မှ ဒေါနစစ်ကြောင်း -၂ (YGF)၊ ဒေါနစစ်ကြောင်း – ၃ (KBDF)၊ နှင့် ရေးဘီလူးတပ်ရင်း၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ရင်း ၁ ၊ ရေးသိန်းငှက်၊ ရာမညမွန် တပ်‌‌တော် (R.M.A)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မ တော် (KNLA) တပ်မဟာ (၆) တပ်ရင်း (၂၇) နှင့် ကြယ်လင်းရောင်(ဆာကပေါ)တပ်ရင်း (KTLA) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တောင်ငူမြို့အခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် -တပခကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှု အရာရှိ ၂ ဦးအပါအဝင် စစ်သား ၆ ဦးသေဆုံး၊ အရာရှိနေအိမ်နှင့်လူပျိုဆောင်ဘားတိုက်မီးလောင် ပျက်စီး (ရုပ်သံ)

တောင်ငူမြို့အခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် -တပခကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှု အရာရှိ ၂ ဦးအပါအဝင် စစ်သား ၆ ဦးသေဆုံး၊ အရာရှိနေအိမ်နှင့်လူပျိုဆောင်ဘားတိုက်မီးလောင် ပျက်စီး (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၈ ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက်၊ အကြမ်းဖက်စစ်ကောင်စီ၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် -တပခ ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar – BWM က ထုတ်ပြန်သည်။ ဩဂုတ်လ ၂၆ ရက် နံနက် ၁၀...