ရေဖြူမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁၀ ဦးထက်မနည်းသေဆုံး

ရေဖြူမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁၀ ဦးထက်မနည်းသေဆုံး

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၂၈

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ် သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ရာမမွန်တပ်တော် – RMA ကထုတ်ပြန်သည်။

ဩဂုတ်လ ၂၂ ရက် ညနေ ၂ နာရီ ၃၀ မိနစ်က အင်အား ၁၀၀ ခန့်ဖြင့် ရေဖြူမြို့နယ်၊ ၅၉ တိုင် ဘက် သို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန် အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကာ အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရာမညမွန်တပ်တော် (RMA) တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ရှိ တပ်ဖွဲ့ဝင် များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဘုတ်ပြင်းမြို့မှ လေညာမြို့ဘက်သို့ တက်လာသော စစ်ကား ၃ စီးကို ကြားဖြတ် တိုက်ခိုက်မှု G2 အပါအဝင် ၂၀ ဦး ထက်မနည်းသေဆုံး

ဘုတ်ပြင်းမြို့မှ လေညာမြို့ဘက်သို့ တက်လာသော စစ်ကား ၃ စီးကို ကြားဖြတ် တိုက်ခိုက်မှု G2 အပါအဝင် ၂၀ ဦး ထက်မနည်းသေဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၇ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ဘုတ်ပြင်းမြို့မှ လေညာမြို့ဘက်သို့ တက်လာသော စစ်ကား ၃ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ G2 အပါအဝင် ၂၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း KNU -မြိတ်-ထား ဝယ်ခရိုင် သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။ ဩဂုတ်လ ၂၅ ရက် မွန်းတည့်...