သံလွင်မြန်မာသတင်း
ဩဂုတ်လ ၂၇
တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ဘုတ်ပြင်းမြို့မှ လေညာမြို့ဘက်သို့ တက်လာသော စစ်ကား ၃ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ G2 အပါအဝင် ၂၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း KNU -မြိတ်-ထား ဝယ်ခရိုင် သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။
ဩဂုတ်လ ၂၅ ရက် မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်က ဘုတ်ပြင်းမြို့မှ လေညာမြို့ဘက်သို့ ဦး တည်၍ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကား ၃ စီးကို မြိတ်-ထားဝယ်ခရိုင်၊ လယ်က ဆော မြို့နယ်၊ ထောင်ယွန်းကျေးရွာအနီး၌ စောင့်ကြိုပြီး မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်မှ G2 အပါအဝင် စစ်ကောင်စီတပ်သား ၂၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး ယင်းစစ်ကားများမှာ ဘုတ်ပြင်း မြို့ ဘက်သို့ ပြန်ဆုတ်သွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း ၂၀၃ ၊ တပ်ခွဲ ၂ မှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media