ထားဝယ်မြို့နယ်တွင် PDF တပ်ဖွဲ့စခန်းများကို လိုက်လံစုံစမ်းနေသည့် ပျူစောထီး ရဲရင့်အောင် (ခ) တူးတူး ပစ်ခတ်ခံရပြီး သေဆုံး

ထားဝယ်မြို့နယ်တွင် PDF တပ်ဖွဲ့စခန်းများကို လိုက်လံစုံစမ်းနေသည့် ပျူစောထီး ရဲရင့်အောင် (ခ) တူးတူး ပစ်ခတ်ခံရပြီး သေဆုံး

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၂၀

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်းရှိ PDF တပ်ဖွဲ့စခန်းများကို လိုက်လံစုံစမ်းနေသည့် ပျူစော ထီး ရဲရင့်အောင် (ခ) တူးတူးကို ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားကြောင်း အထူးပြောက်ကျားတပ်ဖွဲ့ S.G.F ထံမှ သိရသည်။

ဩဂုတ်လ ၁၈ ရက် ညနေ ၄ နာရီ ၃၀ မိနစ်က ထားဝယ်မြို့နယ်၊ ကြက်စားပြင်ရပ်ကွက် တွင်နေထိုင် သော ပျူစောထီး ရဲရင့်အောင် (ခ) တူးတူးသည် PDF တပ်ဖွဲ့စခန်းများကို စုံစမ်းရန် ထား ဝယ်မြစ်အ တွင်း ငါးဖမ်းစက်လှေဖြင့် အသွင်ယူဆင်းလာစဉ် အထူးပြောက်ကျားတပ်ဖွဲ့ (S.G.F) တပ် ဖွဲ့ ဝင်များ က ဖမ်းဆီးရာ ဖမ်းဆီးမခံပဲ ထွက်ပြေးသွားသောကြောင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားကြောင်း သိရသည်။

“ထားဝယ်မြစ်အတွင်းမှာပဲ ဖမ်းဆီးခဲ့တာပါ။ သူက ငါးဖမ်းစက်လှေငယ်နဲ့ အယောင်ဆောင်ပြီး ထွက် လာတာဖြစ်ပါတယ်။ စက်လှေနဲ့ ငါးဖမ်းတာကိုအကြောင်းပြပြီး ထောက်လှမ်းနေတာပါ။ လက်နက် တော့ မပါဘူး။ ပြည်သူတွေကြား ပုံမှားရိုက်ပြီး သွားလာနေတာမို့ လက်နက်ယူဆောင်လာ မရှိပါဘူး” ဟု အထူးပြောက်ကျားတပ်ဖွဲ့ -S.G.F မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သေဆုံးသွားသော ပျူစောထီး ရဲရင့်အောင် (ခ) တူးတူးသည် စစ်ကောင်စီ၏ စစ်မှုထမ်း ဥပဒေ ဖြင့် လူငယ်များကို အတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးရာ စစ်ကောင်စီတပ်သားများနှင့် အတူတကွ ပူးပေါင်း ပါဝင်ခြင်း၊ PDF ထောက်ပို့ပြည်သူများကို စစ်တပ်ထံ လက်ညှိုးထိုးညွှန်ပြပြီး ဖမ်းခိုင်းခြင်း၊ စစ်တပ် ရေကြောင်း စစ်ကြောင်း၊ နှင့် ဓနိတောများအတွင်း တောနင်းရာတွင် လက်နက်ကိုင်ဆောင်ကာ လမ်း ပြလုပ်ပေးခြင်းတို့ လုပ်ဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မုံရွာ-မန္တလေးလမ်းပေါ်တွင် ဆက်ကြေးကောက်နေသော စစ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက် ခွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး (ရုပ်သံ)

မုံရွာ-မန္တလေးလမ်းပေါ်တွင် ဆက်ကြေးကောက်နေသော စစ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက် ခွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်တွင် ဆက်ကြေးကောက်နေသော အကြမ်း ဖက်စစ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၄ တပ်ရင်းက ထုတ်ပြန်သည်။ အောက်တိုဘာလ ၄ ရက် ညနေ...