သံလွင်မြန်မာသတင်း
ဩဂုတ်လ ၁၇
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းအခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၈၂ တပ်ရင်းနှင့် မလိဝမ်းရဲစခန်းကို တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ဦး သေဆုံးခဲ့ ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။
ဩဂုတ်လ ၁၄ ရက် နံနက်အစောပိုင်း ၂ နာရီ ၃၀ မိနစ်က ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာ အခြေစိုက် အမှတ် ၅၈၂ ခြေမြန်တပ်ရင်းနှင့် မလိဝမ်းကျေးရွာရှိ မလိဝမ်းရဲစခန်းတို့ကို ကော့သောင်း မြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များက တပြိုင်တည်း အလစ်အငိုက် ဝင် ရောက် တိုက်ခိုက် ခဲ့ရာ စစ်ဗိုလ် ၁ ဦး သေဆုံးပြီး စစ်သား၊ ရဲ ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် စစ်သား၊ ရဲများနေထိုင်ရာ အဆောက်အဦများ၊ ဘန်ကာများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီလက်အောက်၌ ကျန်ရှိနေသော စစ်သား၊ ရဲနှင့် စစ်ကောင်စီထောက်တိုင်များအနေဖြင့် ပြည်သူ့ဘက်သို့ အမြန်ဆုံးရပ်တည်ကာ ပြည်သူ့ရင်ခွင်သို့ ခိုလှုံကြရန်နှင့် ပြည်သူ့ဘက်မရပ်တည် သော စစ်ကောင်စီဘက်တော်များကို လုပ်ထုံလုပ်နည်းနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
သို့ဖြစ်ပါ၍ ကော့သောင်းမြို့နယ်အတွင်း စစ်ရေးတင်းမာမှုများဖြစ်ပေါ်လာနိုင်ပြီး မိဘပြည်သူများ အနေဖြင့် တော်လှန်ရေးအဖွဲ့များမှ ထုတ်ပြန်ထားသော ဆောင်ရန်၊ ရှောင်ရန်များကို အထူးဂရုပြု လိုက်နာကြရန်နှင့် စစ်ရေးအသိ ၊ စစ်ရေးသတိ အမြဲရှိကြပါရန် ဆက်လက်တ တိုက်တွန်းထားသည်။
Thanlwin Myanmar Media